မြန်မာပြည်မှာကျင်းပတဲ့ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်ဟာ သောကြာနေ့ ညနေပိုင်း မှာ ပေကျင်းမြို့ကို ပြန်လည်ရောက်ရှိ လာပါတယ်။
တရုတ်နိုင်ငံဟာ အရှေ့အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရုံသာမက အချင်း ချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြန်မာပြည်ကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်က ပြောဆိုလိုက်ပါတယ်။ အရှေ့အာရှနိုင်ငံတွေ အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့၊ ဒေသ ဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှုကို တွန်းအားပေး...