Connect with us

Videos

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ဖို့ မြန်မာပြည် ကို ရောက်ရှိနေတဲ့ တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

တရုတ်နိုင်ငံဟာ အရှေ့အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရုံသာမက အချင်း ချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြန်မာပြည်ကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်က ပြောဆိုလိုက်ပါတယ်။

အရှေ့အာရှနိုင်ငံတွေ အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့၊ ဒေသ ဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှုကို တွန်းအားပေး လုပ်ဆောင်ဖို့နဲ့ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒေသတွင်း ချိတ်ဆက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။