ဆန်တီရာဂို၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ချီလီနိုင်ငံသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော နိုင်ငံခြားသားများအား ကပ်ရောဂါဖြေလျှော့မှုအဖြစ် အောက်တိုဘာ ၁ ရက်မှစတင်၍ နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံအား ကာကွယ်ရန်အတွက် မကြာမီကာလတွင် အမြဲတမ်းစစ်တပ် ရှိလာလိမ့်မည်ဟု တာလီဘန် စစ်ဦးစီးချုပ် Qari Fasihuddin က ပြောကြားခဲ့သည်။
ဝါရှင်တန်၊စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုကို အမေရိကန်နိုင်ငံက စက်တင်ဘာ ၁၅ ရက်တွင် ရှုတ်ချလိုက်ပြီး မြောက်ကိုရီးယားနိုင်ငံအား အမေရိကန်နိုင်ငံနှင့်အတူ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။
ချိန်တူး၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် လူကျိုးမြို့ လူရှန်းနယ်မြေတွင် စက်တင်ဘာ ၁၆ ရက် နံနက် ၅ နာရီအထိ ပြင်းအား ၆.၀ ပမာဏရှိသော ငလျင်လှုပ်ခတ်ပြီးနောက် လူ ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ရှန်ဟိုင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ယခုနှစ်၏ ၁၄ လုံးမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သည့် “ချန်သူမုန်တိုင်း”သည် တနင်္လာနေ့ မနက်မှ ဗုဒ္ဓဟူးနေ့အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အရှေ့ဘက် ကီလိုမီတာ ၁၀၀ မှ ၂၀၀ ကြား ပင်လယ်ရေမျက်နှာပြင်အတွင်း ရစ်ဝဲနေမည်ဖြစ်ပြီး ကြာသပတေးနေ့တွင် မြို့၏ အရှေ့မြောက်ဘက်ဆီသို့ရွေ့လျားသွားနိုင်ကြောင်း ရှန်ဟိုင်းမိုးလေဝသခန့်မှန်းရေးစင်တာမှထုတ်ပြန်ခဲ့သည်။...
ဖူကျိုး၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်က နှစ် ၂၀ ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ သည် လက်ရှိကမ္ဘာပေါ်တွင် လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံး နေရာတစ်ခုဖြစ်လာခဲ့သည်။ ထို့အပြင် အကြမ်းဖက်မှုများ နှင့် ဘာသာရေးအစွန်းရောက်အဖွဲ့များတိုးပွားရာဒေသတစ်ခုဖြစ်လာခဲ့သည်။ သို့ရာတွင် အမေရိကန်က ၎င်းတို့သည် အာဖဂန်နိုင်ငံသားများအား လွတ်လပ်မှုနှင့် ဒီမိုကရေစီအခွင့်အလမ်းများ ပေးနိုင်သောကြောင့်...
ကွန်ဒုဇ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်ရှိ တာလီဘန် ထောက်လှမ်းရေးအကြီးအကဲက အိုင်အက်စ်အုပ်စုနှင့် မိတ်ဖက် ဒေသခံစစ်သွေးကြွများ တည်ရှိနေသည်ဟူသော သတင်းများမှာ အခြေအမြစ်မရှိ လုပ်ကြံပြောဆိုခြင်းဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။
ကူမင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် 5G ကွန်ရက်တပ်ဆင်ထားပြီး ဟီလီယံဓာတ်ငွေ့ဖြင့် အမြင့်တက်နိုင်သော မောင်းသူမဲ့လေသင်္ဘောအား အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု(FAI)သည် ယခုနှစ် ပထမ(၈)လကြာကာလတွင် လွန်ခဲ့သည့်နှစ်ကာလတူများထက် (၈.၉)ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို(NBS)၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။