စူးကျိုး၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့နှင့် ကျန်းစူးပြည်နယ်မြို့တော် နန်ကျင်းတို့အားချိတ်ဆက်ပြေးဆွဲမည့် ရှန်ဟိုင်း-နန်ကျင်း အမြန်လမ်း၏ ကျန်းစူး လမ်းအပိုင်းအား အသိဉာဏ်ထည့်သွင်းထားသော လမ်းပြုပြင်ထိန်းသိမ်းရေးယန္တရားများဖြင့် အသုံးပြုဆောင်ရွက်နေကြောင်းသိရသည်။ ရှန်ဟိုင်း-နန်ကျင်းအမြန်လမ်း ၏ ကျန်းစူးလမ်းပိုင်းသည် တရုတ်နိုင်ငံ၏ အသုံးပြုမှုအများဆုံးအမြန်လမ်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပြီးနေ့စဉ် ယာဉ်အစီးရေးပေါင်း ၁၅၀,၀၀၀ ခန့်သွားလာနေသည်။ လက်ရှိတွင်...
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၂၇ ရက်မှ စက်တင်ဘာ ၄ ရက်အထိ လူဦးရေ ၂ ဒသမ ၆ သန်းကျော်မှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားပြီဖြစ်ကြောင်း နှင့် တစ်ချိန်တည်းမှာပင် လူဦးရေ ၂ ဒသမ ၁ သန်းကျော်မှာ...
နန်နင်း၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ နန်နင်းမြို့တွင် အွန်လိုင်း၊အော့ဖ်လိုင်း တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည်။ တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သည့် နန်နင်းမြို့သည် တရုတ်-အာဆီယံ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု၏ ပြတင်းပေါက်ဖြစ်သလို တရုတ်-အာဆီယံကုန်စည်ပြပွဲ အစဉ်အမြဲ...
ဆန်းရှီး၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ရွှန်းယွမ်စီရင်စု ရှိ ကျေးရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွားပြီး ၄ ထပ်တိုက် အဆောက်အဦ တစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့သည်။ အဆောက်အဦတွင်နေထိုင်သူများကို ပြိုကျမှုမဖြစ်ပွားမီ နာရီပိုင်းအတွင်း အချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ ဒေသခံများအချိန်မီရွှေ့ပြောင်းနိုင်ခဲ့သဖြင့် မည်သူမျှထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။ (Xinhua) ………………………………. (English Version)...
နယူးဒေလီ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော COVID-19 ၏ Mu မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် အမေရိကန်နိုင်ငံရှိ ပြည်နယ် ၄၉ ခုတွင် ပျံ့နှံ့လျက်ရှိကြောင်း အိန္ဒိယနိုင်ငံ Wion သတင်းချန်နယ်က ဖော်ပြခဲ့သည်။
နန်နင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာသေးမီက COVID-19 ရောဂါ ပထမဆုံးတစ်ကျော့ပြန်ဖြစ်ပွားခဲ့သော ကျန်းဆူးပြည်နယ်တွင် စက်တင်ဘာ ၉ ရက်၌ အန္တရာယ်မြင့်မားနှင့် အလယ်အလတ်အဆင့်ရှိသော ဒေသများအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။
မနီလာ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဖဂန်ဒုက္ခသည်များအတွက် တံခါးဖွင့်ထားကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က စက်တင်ဘာ ၈ ရက်ညပိုင်း၌ ပြောကြားခဲ့သည်။
အက်ခရာ၊စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS)အဖွဲ့ဝင်နိုင်ငံများသည် စက်တင်ဘာ ၈ ရက်က အွန်လိုင်း အထူးအစည်းအဝေးကျင်းပပြီး ဂီနီနိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
တိုကျို၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) တိုကျို အိုလံပစ် အားကစားပွဲနှင့် မသန်စွမ်းသူများအိုလံပစ်အားကစားပွဲကျင်းပပြီးနောက် တိုကျိုအိုလံပစ်ကျင်းပရေးကော်တီ၏ ဝန်ထမ်းအရေအတွက်ကို အောက်တိုဘာလတွင် ဝန်ထမ်းအများဆုံး (၇,၀၀၀) ဦး ရှိရာမှ (၁,၁၀၀)ဦးထိ လျှော့ချသွားမည်ဖြစ်ကာ အိုလံပစ်ကျင်းပရေးကော်မတီတစ်ခုလုံးကို လာမည့်နှစ် ဇွန်လတွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
နန်နင်း၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ညခင်းပိုင်းရောက်လျှင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းရှိ ချင်းကျိုးရထားကွန်တိန်နာဗဟိုဆိပ်ကမ်းတွင် နေ့ခင်းပိုင်းကဲ့သို့ ပျားပန်းခတ်စည်ကားအလုပ်များနေဆဲဖြစ်သည်။