ဝါရှင်တန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးအခြေအနေ ဆက်လက်ဆိုးဝါးလာသဖြင့် သံရုံးဝန်ထမ်းအရေအတွက် လျှော့ချရာတွင် ကူညီရန် ကဘူးလ်လေဆိပ်သို့ တပ်ဖွဲ့ဝင်များစွာ တပ်ဖြန့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ဩဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။
နာလ်ဆူတန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ကာဇက်စတန်နိုင်ငံအရှေ့ပိုင်းတွင် စွမ်းအင်ပြတ်လတ်မှုအားကာမိစေရန် တရုတ်နိုင်ငံမှ တည်ဆောက်ပေးခဲ့သည့် Turgusun ရေအားလျှပ်စစ်စီမံကိန်းသည် ဇူလိုင်လ လယ်မှ စတင်ကာ အပြည့်အဝ စတင်လည်ပတ်ကာ လျှပ်စစ်စွမ်းအင်များကို ထုတ်လုပ်ပေးလျက်ရှိကြောင်းသိရသည်။ တရုတ်နိုင်ငံ မြစ်ကျဉ်းသုံးသွယ်ရေကာတာစီမံကိန်း ၏ လက်အောက်ခံ လုပ်ငန်းဖြစ်သည့်တရုတ်နိုင်ငံတကာ ရေအားနှင့် လျှပ်စစ်စွမ်းအင်ကော်ပိုရေးရှင်းမှ တည်ဆောက်ထားသည့်...
ကိုလံဘို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၁၇,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၇ ဦးရှိကြောင်း ကျန်းမာရေးအရာရှိများက သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) COVAX အစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုသည် ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးအတွက် ပေကျင်း၏ ကတိကဝတ်အား ရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့သည်။
ကိုင်ရို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အီဂျစ်စစ်တပ်သည် ဆိုင်းနိုင်း မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ အကြမ်းဖက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုတွင်အစွန်းရောက်စစ်သွေးကြွ ၁၃ ဦး ကို သုတ်သင်နိုင်ခဲ့ကြောင်း စစ်တပ်မှ သြဂုတ် ၁၂ ရက် နှောင်းပိုင်းတွင် ပြောသည်။
လန်ဒန် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း (Devon)ကောင်တီရှိ ဆိပ်ကမ်းမြို့ဖြစ်သည့် ပလိုင်းမောက်(Plymouth)မြို့၌ ဩဂုတ် ၁၂ ရက် ညနေပိုင်းကဖြစ်ပွားသော ပစ်ခတ်မှုတစ်ခုတွင် သံသယရှိသူအပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
အစ္စတန်ဘူလ် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan က နိုင်ငံ၏ ပင်လယ်နက်ဒေသ၌ ရေကြီးရေလျှံမှုကြောင့် လူ ၁၇ ဦး သေဆုံးကြောင်း ဩဂုတ် ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဝူဟန့် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်တွင် ဩဂုတ် ၈ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ဒေသခံ တစ်သိန်းကျော် အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း နှင့် ပြည်နယ်အစိုးရအနေဖြင့် ၎င်း၏ မိုးသက်လေပြင်း အရေးပေါ်ကယ်ဆယ်ရေးတုံ့ပြန်မှုအဆင့်ကို ဩဂုတ် ၁၂ ရက်က အဆင့် ၃...
ရှန်ဟိုင်း၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းမြို့ Baoshan ခရိုင်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးခေါက်နိုင်ဖြန့်နိုင်သော 3D နည်းပညာဖြင့်ထုတ်လုပ်တည်ဆောက်ထားသည့်တံတားကြီးအားထုတ်ဖော်ပြသခဲ့သည်။ ခေါက်နိုင်ဖြန့်နိုင်သည့်ဆက်ကြောင်း ၉ ခုပါဝင်သည့်တံတားသည်အရှည် ၉.၃၄ မီတာရှိပြီး အကျယ် ၁.၅ မီတာ နှင့် အမြင့် ၁.၁ မီတာ ရှိသည်။ အလေးချိန်...
နယူးယောက်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ရှိ ပြည်နယ် ၄ ခုတွင် တွေ့ရသည့် အဖြူရောင်အမြီးရှိသော ဒရယ် ၄၀ရာခိုင်နှုန်း ခန့် ၏ သွေးရည်ကြည်များတွင် ကိုရိုနာဗိုင်းရပ်စ် အား ကာကွယ်နိုင်သည့် ပဋိပစ္စည်း များရှိနေသည်ကို တွေ့ရှိရကြောင်း မကြာသေးမီက အမေရိကန်ဖယ်ဒရယ် စစ်တမ်းကောက်ယူမှုများအရသိသည်။...