Connect with us

Local

SME လုပ်ငန်းသစ်များ ထူထောင်ရာတွင် လွယ်ကူစွာ မှတ်ပုံတင်၍ ရသည့် စနစ် ဆောင်ရွက် ပေးနိုင်ရန် သက်ဆိုင်ရာ သို့တင်ပြသွားမည်

SME ဖွံ့ ဖြိုး တိုးတက်ရေး ဖိုရမ် အပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

အသေးစား ၊ အလတ်စား စီးပွားရေး လုပ်ငန်း(SME) အသစ်များ ထူထောင်ရာတွင် လွယ်လွယ်ကူကူ မှတ်ပုံတင်၍ ရသည့် စနစ် ဆောင်ရွက်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာသို့တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၏ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်း နှင့် စက်မှု ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက ယနေ့ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာ တစ်နိုင်ငံလုံးတွင် SME လုပ်ငန်းများသည် ပုံစံမျိုးစုံဖြင့် ပြန့်ကြဲစွာ တည်ရှိနေသည့် အတွက် UMFCCI မှ ဦးစီး၍ မြန်မာနိုင်ငံ SME အသင်း ဖွဲ့စည်းရေးအား ဆက်လက် လုပ်ဆောင်သွားရန် ရှိကြောင်း ၎င်းက အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးကြီးသော မဟာဗျုဟာများ ချမှတ် နိုင်ရန် SMEs Development Strategy “Issues & Solutions” ဖိုရမ် အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့သွားမည့် အသင်း ဆိုတာက လုပ်အားပေးတာပါ။အသင်းဝင်ရင် အခုလို ဖိုရမ်တွေ ၊ သတင်း အချက်အလက်တွေ ၊ စင်တာတွေ တစ်ဘက်တစ်လမ်းကနေ တက်နိုင်သမျှ လုပ်ပေးမယ်။ဖိုရမ်တွေ ၊ ပညာပေးတဲ့ အစီအစဉ်တွေ ၊ အခက်အခဲတွေ နားထောင်ပြီး ဒီအသင်းကနေ တစ်ဆင့် နိုင်ငံတော်ကို ပြန်တင်ပြတဲ့ အစီအမံတွေ ဒါတွေ ကျွန်တော်တို့လုပ်သွားဖို့အစီအစဉ် ရှိပါတယ်။”ဟု ဒေါက်တာ အောင်သိန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် လုပ်ငန်း စုစုပေါင်း ၁၂၀,၀၀၀ ကျော်ခန့် ရှိသည့် အနက် ၉၈ ရာခိုင်နှုန်းမှာ အသေးစား ၊ အလတ်စား စီးပွားရေး လုပ်ငန်း(SME)များ ဖြစ်ကြောင်း သိရသည်။

အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးကြီးသော မဟာဗျုဟာ များ ချမှတ် နိုင်ရန် SMEs Development Strategy “Issues & Solutions” ဖိုရမ်၏ မျှော်မှန်း ထားသည့် ရလဒ် ၂ ခု ရှိကြောင်း ၊ ယင်းမှာ SME များ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာရန် အရေးကြီးသည့် မဟာဗျူဟာများ ချမှတ် နိုင်ရန် ဖြစ်ကြောင်း ၊ လက်တွေ့ကျသည့် စီမံကိန်း အဆိုပြုလွှာများ ထွက်ပေါ်လာပြီး သက်ဆိုင်ရာ ကဏ္ဍ နယ်ပယ်မှ ဦးဆောင်သူများအား ဆွဲထုတ်၍ မြေတောင် မြှောက်ပေးလိုက်ခြင်း အားဖြင့် ၎င်းနှင့် ဆက်နွယ် နေသည့် အထောက်အကူပြု SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာအောင် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း ပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အတူ SMEs ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကြံပြုချက် များကို ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ နိုင်ငံတော်အစိုးရအား တင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မူဝါဒ ပိုင်းဆိုင်ရာ အကြံပြုချက်များနှင့် လက်တွေ့လုပ်ဆောင်သင့်သည်များကို ဇူလိုင် ၂၇ ၊ ၂၈ ၊ ၂၉ ရက်များတွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကဏ္ဍအလိုက် တင်ပြ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.