Connect with us

Business

မြန်မာနိုင်ငံက ၅ လကျော်ကာလအတွင်း သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၃ သန်းကျော် ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခု၌ ၂၀၁၉ ခုနှစ်က မြေကမ်းပါးယံပြိုကျမှုဖြစ်ပွားပြီးနောက် မြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငါးလတာကာလအတွင်း သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၃.၄၃၆ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၂၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အတွင်း သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ရရှိသော ၀င်ငွေသည် ယခင်နှစ် အလားတူကာလက ရရှိခဲ့သည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၅.၁၃၂ သန်းနှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုတွင် ပုဂ္ဂလိက ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၂၀.၉၆၆ သန်းတန်ဖိုးရှိ သတ္တုတွင်းထွက်ပစ္စည်းများတင်ပို့ခဲ့ပြီး နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၂.၄၇ သန်းတန်ဖိုးရှိ သတ္တုတွင်းထွက်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃၇.၇၉၈ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများကို တင်ပို့လျက်ရှိပြီး၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.