Connect with us

International Organizations

မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဆင်နာ နောက်တစ်ဆင့်သို့တက်ရောက်၊ ကျိန့်က ရေဘက်ကီနာကို အကြီးအကျယ် အခက်တွေ့အောင်လုပ်နိုင်ခဲ့

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ မက်ဒရစ်အိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ၃၂ ဦးအဆင့် ပွဲစဉ်၌ အီတလီ တင်းနစ်ကစားသမား ဂျန်းနစ်ခ် ဆင်နာ စပေးဘောကို တန်ပြန်ရိုက်နေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
ဧပြီ ၂၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် မက်ဒရစ်အိုးပင်း တင်းနစ်ပွဲစဉ်များတွင် ဆီဒင်-၁ ကစားသမား ဂျန်းနစ်ခ် ဆင်နာက အယ်လ်မာ မိုလာကို ၆-၂၊ ၆-၃ ဖြင့် အနိုင်ယူကာ နောက်ဆုံး ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် နိုဗက် ဂျိုကိုဗစ်တို့ နှစ်ဦးစလုံး မပါဝင်နိုင်သည့် ယခုပြိုင်ပွဲတွင် ဆင်နာမှာ အဖွင့်ပွဲစဉ်၌ ရုန်းကန်ခဲ့ရပြီးနောက် ၎င်း၏ ပုံမှန်လက်စွမ်းကို ပြန်လည်ရရှိခဲ့သည်။
ထို့အတူ လော်ရန်ဇို မူဆက်တီ (ဆီဒင်-၆) ကလည်း တယ်လန် ဂရိခ်စပိုးကို ၆-၄၊ ၇-၅ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီး အဆိုပါပွဲစဉ်၌ ကစားသမားနှစ်ဦး၏ ရမှတ်မှာ ခန့်မှန်းထားသည်ထက် ကွာဟချက်နည်းပါးခဲ့ကာ ပွဲလတ်နှစ်ပွဲစလုံးတွင် အရေးပါသည့် ပွဲငယ်တစ်ပွဲစီက အဆုံးအဖြတ်ဖြစ်ခဲ့သည်။
အာသာဖီးစ်က အမေရိကန်ကစားသမား အမ်မီလီယို နာဗာကို ၇-၆ (၂)၊ ၆-၃ ဖြင့် အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သလို ကင်မရွန်း နော်ရီကလည်း စပေးဘောရိုက်ချက်များကို အားပြုကာ သီယာဂို ဩဂတ်စတင် တီရန်တေးကို ၇-၅၊ ၇-၆ (၅) ဖြင့် အနိုင်ရရှိခဲ့သည်။
အမျိုးသမီးပွဲစဉ်များတွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် (ဆီဒင်-၃၂) က အယ်လီနာ ရေဘက်ကီနာ (ဆီဒင်-၂) ကို အကြီးအကျယ် အခက်တွေ့အောင် လုပ်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ အရေးနိမ့်ခဲ့ရသည်။ ကျိန့်က ပထမပွဲလတ်တွင် ရုရှားနိုင်ငံဖွား ကာဇက်စတန်နိုင်ငံသူ ရေဘက်ကီနာကို ၆-၄ ဖြင့် အနိုင်ရရှိခဲ့သော်လည်း အကြိတ်အနယ်ရှိသည့် ဒုတိယပွဲလတ်တွင် ရေဘက်ကီနာက အနိုင်ပြန်ရခဲ့ပြီး အဆုံးအဖြတ်ပွဲ၌ ၆-၃ ဖြင့် အနိုင်ရရှိကာ နောက်ဆုံး ၁၆ ဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
အဖျားဝေဒနာ ခံစားနေရသည့် ကိုကိုဂေ့ါဖ် (ဆီဒင်-၃) က ၎င်း၏စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသခဲ့ပြီး တစ်ပွဲရှုံးနိမ့်နေသော်လည်း နောက်မှလိုက်ကစားကာ ဆိုရာနာ ဆာစတီယာကို ၄-၆၊ ၇-၅၊ ၆-၁ ဖြင့် အနိုင်ကစားနိုင်ခဲ့သည်။ ဒုတိယပွဲလတ်၌ အကြိတ်အနယ်ဖြစ်နေစဉ် ဂေ့ါဖ်မှာ ကွင်းနံဘေးရှိ အမှိုက်ပုံးထဲသို့ အန်ချနေသည်ကို မြင်တွေ့ရသော်လည်း ဆေးကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့ပြီး လက်ကျန်ပွဲချိန်များတွင် လက်စွမ်းအသာစီးဖြင့် ကစားသွားခဲ့သည်။
ယူကရိန်းတင်းနစ်မယ် မာတာ ကော့စ်ယုခ် (ဆီဒင်-၂၆) က ဂျက်ဆီကာ ပက်ဂူလာ (ဆီဒင်-၅) ကို ၆-၁၊ ၆-၄ ဖြင့် အနိုင်ယူကာ နောက်ဆုံး ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး အနည်းငယ် အံ့အားသင့်ဖွယ် ရလဒ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ကာရိုလီနာ ပလစ်စ်ကိုဗာကလည်း မက်ဒရစ်၌ လက်စွမ်းကောင်းများ ဆက်တိုက်ပြသနေကာ အဲလစ်စ် မာတင်စ် (ဆီဒင်-၁၆) ကို ၇-၅၊ ၂-၆၊ ၇-၆ (၃) ဖြင့် အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့သည်။
လင်ဒါ နော့စ်ကိုဗာနှင့် လျူမီလာ ဆမ်ဆိုနိုဗာတို့၏ ပွဲစဉ်၌ ဆမ်ဆိုနိုဗာမှာ အဖျားရောဂါကြောင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် နော့စ်ကိုဗာက နောက်တစ်ဆင့်သို့ အလိုအလျောက် တက်ရောက်နိုင်ခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ မက်ဒရစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၃၂ ဦးအဆင့် ပွဲစဉ်၌ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် စပေးဘောကို တန်ပြန်ရိုက်နေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ မက်ဒရစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၃၂ ဦးအဆင့် ပွဲစဉ်၌ အနိုင်ရရှိပြီးနောက် ကာဇက်စတန်တင်းနစ်မယ် အယ်လီနာ ရေဘက်ကီနာ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က အမေရိကန်တင်းနစ်မယ် ကိုကိုဂေ့ါဖ်နှင့် ရိုမေးနီးယား တင်းနစ်မယ် ဆိုရာနာ ဆာစတီယာတို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မက်ဒရစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၃၂ ဦးအဆင့် ပွဲစဉ်၌ ကိုကိုဂေ့ါဖ် စပေးဘောကို တန်ပြန်ရိုက်နေစဉ် (ဆင်ဟွာ)

…………………………………………
(English Version)
Sinner cruises through, Zhang gives Rybakina big scare at Madrid Open
MADRID, April 26 (Xinhua) — Top seed Jannik Sinner cruised into the last 16 of the Madrid Open on Sunday with a 6-2, 6-3 win over Elmer Moller.
After struggling in his opening match, Sinner found his rhythm in a tournament missing both Carlos Alcaraz and Novak Djokovic.
Sixth seed Lorenzo Musetti also advanced in straight sets, beating Tallon Griekspoor 6-4, 7-5 in a match that was closer than the scoreline suggested, with a key game in each set proving decisive.
Arthur Fils reached the second week with a 7-6 (2), 6-3 victory over American Emilio Nava, while Cameron Norrie relied on his serve to guide the 19th seed past Thiago Agustin Tirante 7-5, 7-6 (5).
In the women’s draw, China’s Zheng Qinwen, seeded 32nd, pushed second seed Elena Rybakina hard before bowing out. Zheng took the first set 6-4 against the Kazakh, who was born in Russia, but Rybakina fought back to win a tense second set 6-4 and then took the decider 6-3 to reach the last 16.
Third seed Coco Gauff showed her resolve, overcoming illness to come from a set down and defeat Sorana Cirstea 4-6, 7-5, 6-1. Gauff was visibly sick into a courtside bin with the second set finely poised, but recovered after medical attention and dominated the rest of the match.
Ukraine’s 26th seed Marta Kostyuk produced a minor upset by beating fifth seed Jessica Pegula 6-1, 6-4 to move into the last 16, while Karolina Pliskova continued her strong run in Madrid with a marathon 7-5, 2-6, 7-6 (3) win over 16th seed Elise Mertens.
Linda Noskova received a walkover against Liudmila Samsonova, who was another player affected by illness.
English Caption 1
Jannik Sinner of Italy hits a return during the men’s singles round of 32 match against Elmer Moller of Denmark at the 2026 Madrid Open tennis tournament in Madrid, Spain, on April 26, 2026. (Xinhua/Meng Dingbo)
English Caption 2
Zheng Qinwen of China hits a return during the women’s singles round of 32 match against Elena Rybakina of Kazakhstan at the 2026 Madrid Open tennis tournament in Madrid, Spain, on April 26, 2026. (Xinhua/Cheng Min)
English Caption 3
Elena Rybakina of Kazakhstan celebrates winning after the women’s singles round of 32 match against Zheng Qinwen of China at the 2026 Madrid Open tennis tournament in Madrid, Spain, on April 26, 2026. (Xinhua/Meng Dingbo)
English Caption 4
Coco Gauff hits a return during the women’s singles round of 32 match between Coco Gauff of the United States and Sorana Cirstea of Romania at the 2026 Madrid Open tennis tournament in Madrid, Spain, on April 26, 2026. (Xinhua/Cheng Min)