China
တရုတ်နိုင်ငံရှိ နိုင်ငံတကာပညာရေးဆိုင်ရာ အစီရင်ခံစာ ဆင်ဟွာထုတ်ပြန်
ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန၏ Think Tank အဖွဲ့ဖြစ်သော ဆင်ဟွာအင်စတီကျုက “တရုတ်နိုင်ငံတွင် ပညာသင်ကြားခြင်း – လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အကျိုးပြုခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ဧပြီ ၂၅ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပညာရေးကဏ္ဍ တံခါးဖွင့်လှစ်မှု မြှင့်တင်ရန်၊ “တရုတ်နိုင်ငံတွင် ပညာသင်ကြားခြင်း” အမှတ်တံဆိပ်နှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု ခိုင်မာအားကောင်းစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ပညာရေးစီမံခန့်ခွဲမှု၌ တက်ကြွစွာပါဝင်ဆောင်ရွက်ရန် အမျိုးသား ဗျူဟာမြောက်အဆင့်၌ လက်တွေ့ကျင့်သုံးမှုများ၊ တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် အရေးပါပုံကို အစီရင်ခံစာက လေ့လာဆန်းစစ်ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ ပညာရေးပူးပေါင်းဆောင်ရွက်မှုကွန်ရက်မှာ ပိုမိုကျစ်လျစ်လာသလို ကမ္ဘာလုံးဆိုင်ရာ “မိတ်ဆွေများစက်ဝန်း” ကို တိုးချဲ့လျက်ရှိသည်နှင့်အမျှ “တရုတ်နိုင်ငံတွင် ပညာသင်ကြားခြင်း” အမှတ်တံဆိပ်မှာ သိသိသာသာဂုဏ်သတင်းကြီးမားလာကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ပညာရေးဈေးကွက်တွင် တိုးတက်မှုဝင်ရိုးသစ် ဖြစ်လာခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ပညာရေးဆိုင်ရာစွမ်းဆောင်မှု ခိုင်မာအားကောင်းလျက်ရှိပြီး ပညာရေးဆိုင်ရာ ခေတ်မီအသွင်ပြောင်းမှုကို အရှိန်မြှင့်တင်လျက်ရှိသည်။ လူမှုစီးပွားဖွံ့ဖြိုးလာမှုနှင့်အတူ ပညာရေးကဏ္ဍ တိုးတက်မှု လိုက်လျောညီထွေလုပ်ဆောင်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် နိုင်ငံအတွင်း လာရောက်ပညာသင်ကြားကြမည့် နိုင်ငံတကာမှ ကျောင်းသား/ကျောင်းသူများကို ဆွဲဆောင်လျက်ရှိသည့် ခိုင်မာသောအခြေခံကို တည်ဆောက်လျက်ရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260425/6badc8de05c14803893e1935acad5ee6/c.html

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပသော “တရုတ်နိုင်ငံတွင် ပညာသင်ကြားခြင်း – လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အကျိုးပြုခြင်း” ဟူသော ခေါင်းစဉ်ဖြင့် Think Tank အစီရင်ခံစာ ထုတ်ပြန်ခြင်းဆွေးနွေးပွဲအတွင်း အစီရင်ခံစာမိတ္တူဖတ်နေသော ဧည့်သည်တော်တစ်ဦးကို ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Xinhua releases report on international education in China
BEIJING, April 25 (Xinhua) — Xinhua Institute, the think tank arm of Xinhua News Agency, on Saturday released a report titled “Study in China: Contributing to the Building of a Community with a Shared Future for Humanity.”
The report analyzed the practices and importance of China’s efforts at the national strategic level to advance the opening up of education, strengthen the “Study in China” brand and institutional capacity-building, and actively participate in global education governance.
As China’s network of educational cooperation grows denser and its global “circle of friends” expands, the “Study in China” brand has gained significant prestige, the report said, noting that the country has become a new growth pole in the global education market.
China has strengthened its educational capacity and accelerated its educational modernization. By synchronizing educational progress with economic and social development, China has established a robust foundation for attracting international students to study in China, according to the report.
https://english.news.cn/20260425/6badc8de05c14803893e1935acad5ee6/c.html
Photo 1: This photo shows copies of the think tank report titled “Study in China: Contributing to the Building of a Community with a Shared Future for Humanity.” (Xinhua/Sun Ruibo)
Photo 2: A guest reads a copy of the think tank report titled “Study in China: Contributing to the Building of a Community with a Shared Future for Humanity” during a seminar for release of the report in Beijing, capital of China, April 25, 2026. (Xinhua/Sun Ruibo)
