China
ရေကန်နှင့်တောင်တန်းကို ဖြတ်သန်းခရီးနှင်၍ လက်ဖက်သင်းရနံ့ သယ်ဆောင်လာ
ဟွမ်ဆန်း (အန်းဟွေး)၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ နာမည်ကျော်လက်ဖက်ခြောက် ၁၀ မျိုး အနက် တစ်ခုဖြစ်သော ထိုက်ဖိန်ဟိုခွေလက်ဖက်ကို ဧပြီ ၁၆ ရက်တွင် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ဟွမ်ဆန်းခရိုင် ရှင်းမိန်မြို့နယ်၌ ဥယျာဉ် စတင်ဖွင့်၍ ခူးဆွတ်ခဲ့ကြသည်။ ထိုက်ဖိန်ဟိုခွေလက်ဖက်ခြောက် အဓိကထုတ်လုပ်ရာဒေသဖြစ်သော ရှင်းမိန်မြို့နယ် ဟိုခန်းရွာရှိ တောင်မြင့်လက်ဖက်ဥယျာဉ်သည် အလုပ်အများဆုံးကာလသို့ ရောက်ရှိလာသည်။
ကျုံးထန်ကျေးရွာအဖွဲ့သည် ဟိုခန်းရွာ အရှေ့ပိုင်း၌တည်ရှိပြီး ရွာသည်မြစ်နံဘေး၌ တည်ရှိသည်။ ဒေသခံ လက်ဖက်တောင်သူများနှင့် ၎င်းတို့ခန့်အပ်ထားသော လက်ဖက်ခူးဆွတ်သူများသည် ရှေးဦးစွာလှေဖြင့် ဆိပ်ကမ်းသို့သွားရောက်ပြီးမှ ကားဖြင့်တောင်ခြေသို့ထပ်မံသွားကာ နောက်ဆုံးတွင် ခြေကျင်ဖြင့် တောင်ပေါ်သို့တက်ရသည်။ ထိုမှသာ တောင်မြင့်လက်ဖက်ဥယျာဉ်သို့ရောက်ရှိပြီး လတ်ဆတ်သော ထိုက်ဖိန်ဟိုခွေလက်ဖက်ရွက်များကို ခူးဆွတ်နိုင်မည်ဖြစ်သည်။
နံနက်ခင်း ဝိုးတဝါး မြူနှင်းများကြားတွင် လက်ဖက်ခူးသူများသည် ကြိမ်ခြင်းတောင်းကို ပခုံးထက်တွင် စလွယ်သိုင်းကာ လက်ချောင်းလေးများက လက်ဖက်ပင်များကြားတွင် သွက်လက်ပေါ့ပါးစွာ လှုပ်ရှားလျက်ရှိရာ လက်ဖက်ပင်များအကြား အလုပ်များသောပုံရိပ်သည် သက်ဝင်လှုပ်ရှားသော ပန်းချီကားတစ်ချပ်ပမာ ရေးခြယ်ထားပေသည်။
၂၀၂၅ ခုနှစ် ဟွမ်ဆန်းခရိုင် လက်ဖက်ခြောက် စုစုပေါင်းအထွက်နှုန်းသည် တန်ချိန် ၁၇၂၂.၈ တန်ဖြစ်ပြီး ပထမကဏ္ဍ ကုန်ထုတ်လုပ်ငန်း၏ တန်ဖိုးသည် ယွမ် ၇၂၀ သန်းရှိကာ အထွေထွေကုန်ထုတ်လုပ်ငန်းတန်ဖိုးမှာ ယွမ် ၃.၉ ဘီလီယံရှိကြောင်း မိတ်ဆက်ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် ဟိုခန်းရွာ ကျုံးထန်ကျေးရွာအဖွဲ့တွင် မိသားစုတိုင်း၏ လူနေမှုဘဝသည် လက်ဖက်သင်းရနံ့များဖြင့် ပိုမိုတိုးတက်ကောင်းမွန်လာလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ဟွမ်ဆန်းခရိုင် ရှင်းမိန်မြို့နယ် ဟိုခန်းရွာတွင် လက်ဖက်ဆွတ်ခူးသူများက တောင်ပေါ်တက်၍ တောင်မြင့်လက်ဖက်ဥယျာဉ်တွင် ထိုက်ဖိန်ဟိုခွေလက်ဖက် ပြုလုပ်သည့် လက်ဖက်ရွက်များ ခူးဆွတ်ရန် သွားရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ဟွမ်ဆန်းခရိုင် ရှင်းမိန်မြို့နယ် ဟိုခန်းရွာတွင် လက်ဖက်ဆွတ်ခူးသူများက တောင်ပေါ်တက်၍ တောင်မြင့်လက်ဖက်ဥယျာဉ်တွင် ထိုက်ဖိန်ဟိုခွေလက်ဖက် ပြုလုပ်ရန် လက်ဖက်ရွက်များ ခူးဆွတ်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
一程湖山路 载得茶香归
新华社照片,黄山(安徽),2026年4月27日
4月16日,中国十大名茶之一的太平猴魁在安徽省黄山市黄山区新明乡全面开园采摘。作为太平猴魁的核心产区,新明乡猴坑村的高山茶园正值最繁忙的时节。
中潭村民组位于猴坑村东部,村落临水。当地茶农及其招收的采茶工需先乘船抵达码头,再乘车前往山脚,最后徒步爬山,方能抵达高山茶园,采摘太平猴魁鲜叶。山高林密、晨雾氤氲,采茶人将竹篓斜挎肩头,指尖在茶枝间轻快“跳跃”,忙碌的身影点缀在茶丛中,勾勒出一幅灵动的画卷。
据介绍,2025年,黄山区茶叶总产量1722.8吨,一产产值7.2亿元,综合产值39亿元。如今,在猴坑村中潭村民组,家家户户的日子伴着悠悠茶香,越过越红火。
1、4月24日早晨,在黄山市黄山区新明乡猴坑村,采茶工(前)乘船抵达码头,准备前往高山茶园采茶。新华社记者 张端 摄
2、4月24日早晨,在黄山市黄山区新明乡猴坑村,采茶工徒步爬山,前往高山茶园采摘制作太平猴魁的鲜叶。新华社记者 张端 摄
3、4月24日,在黄山市黄山区新明乡猴坑村的一处高山茶园,采茶工在采摘制作太平猴魁的鲜叶。新华社记者 张端 摄
