Africa & Middle East
လက်ဘနွန်အတွက် ခရီးသွားလာမှု အကြောင်းကြားချက် ဗြိတိန် ဖြေလျှော့ပေး
ဘေရွတ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံအတွင်း လုံခြုံရေး အခြေအနေ တည်ငြိမ်လာသည့်အတွက် ခရီးသွားလာရေး အကြောင်းကြားချက်အား ဗြိတိန်အစိုးရက အောက်တိုဘာလ ၂ ရက်တွင် ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။
“မကြာသေးမီ နှစ်များက လက်ဘနွန်နိုင်ငံမှာ အခြေအနေ အရပ်ရပ် တိုးတက်လာတဲ့အတွက် ခရီးသွားလာရေး အကြောင်းကြားချက်ကို ကျွန်တော်တို့ ဖြေလျှော့ပေးတာ ဖြစ်ပါတယ်” ဟု ဗြိတိန် သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
သို့သော်လည်း ယင်း ပြောခွင့်ရပုဂ္ဂိုလ်က “တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အကြမ်းဖက်သမားတွေ အန္တရာယ်ကို လက်ဘနွန်နိုင်ငံသားတွေကို ဆက်ပြီး သတိပေးလိုပါတယ်။ ပြီးတော့ ဗြိတိန်ရဲ့ အကျိုးစီးပွားနဲ့ ဗြိတိန် နိုင်ငံသားတွေကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှု အရှိန်မြှင့်နေဆဲပါပဲ” ဟု အလေးထား ပြောကြားခဲ့သည်။
ထို့ပြင် “ကျွန်တော်တို့ နိုင်ငံသားတွေကိုလဲ နိုးနိုးကြားကြားနဲ့ ခရီးမသွားခင် ကျွန်တော်တို့ရဲ့ ခရီးသွားလာရေး အကြောင်းကြားချက်နဲ့ အကျွမ်းတဝင် ဖြစ်နေဖို့ အကြံပေးလိုပါတယ်” ဟု ၎င်းက ဆိုသည်။
ဗြိတိန်က လက်ဘနွန် လုံခြုံရေးတပ်ဖွဲ့များနှင့် မိတ်ဖက် ဆက်ဆံရေးအား တန်ဖိုးထားကြောင်းနှင့် နီးကပ်စွာ အတူတကွ လုပ်ဆောင်လိုကြောင်း၊ ခရီးသွားလာရေး အကြောင်းကြားချက်အား အမြဲတမ်း သုံးသပ်သွားမည် ဖြစ်ပြီး ဆုံးဖြတ်ချက်များ ပြောင်းလဲသွားခဲ့ပါက ကန့်သတ်ချက်များအား ပြန်လည် ချမှတ်မှုများလည်း ပြန်လည် လုပ်ဆောင်နိုင်ကြောင်း ဗြိတိန် သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ (Xinhua)