Connect with us

China

နျူကလီးယားရေဆိုးများကို ဂျပန်နိုင်ငံက ပင်လယ်အတွင်းသို့ တစ်ဖက်သတ် စွန့်ထုတ်ခြင်းအပေါ် ဆန့်ကျင်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ပြောင်းလဲမှုမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
နျူကလီးယားရေဆိုးများကို ဂျပန်နိုင်ငံက ပင်လယ်အတွင်းသို့ တစ်ဖက်သတ် စွန့်ထုတ်ခြင်းအပေါ် ဆန့်ကျင်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ပြောင်းလဲမှုမရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံစသည့် အကျိုးစီးပွားသက်ဆိုင်သူများ လက်တွေ့ပါဝင်မှု၊ သီးခြားရှိမှု၊ ထိရောက်မှု ရှိသည့် ရေရှည်နိုင်ငံတကာစောင့်ကြည့်ရေးအစီအစဉ် ထူထောင်ရာ၌ ဂျပန်နိုင်ငံအနေဖြင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီ (TEPCO) ၏ ၈ ကြိမ်မြောက် ဖူကူရှီးမား နျူကလီးယားရေဆိုးများ ပင်လယ်အတွင်းသို့ စွန့်ထုတ်မှုကို ဩဂုတ် ၇ ရက်တွင် စတင်မည်ဖြစ်ရာ ဩဂုတ် ၂၅ ရက်အထိ နျူကလီးယား ရေဆိုးတန်ချိန် ၇,၈၀၀ ခန့် စွန့်ထုတ်ရန် စီစဉ်ထားသည်ဟု သတင်းများအရ သိရကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နျူကလီးယားရေဆိုးများကို ဂျပန်နိုင်ငံက ပင်လယ်အတွင်းသို့ တစ်ဖက်သတ် စွန့်ထုတ်ခြင်းအပေါ် ဆန့်ကျင်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ပြောင်းလဲမှုမရှိကြောင်း မော်နင်က ပြောကြားခဲ့သည်။ ဖူကူရှီးမားနျူကလီးယား ရေဆိုးများ ပင်လယ်အတွင်းသို့ စွန့်ထုတ်မှုသည် လူသားမျိုးနွယ်၏ ကျန်းမာရေး၊ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာပတ်ဝန်းကျင်၊ နိုင်ငံတကာပြည်သူ့အကျိုးစီးပွားနှင့် သက်ဆိုင်ရာ ဂျပန်တစ်နိုင်ငံတည်း၏ ကိစ္စ လုံးဝ မဟုတ်ကြောင်း၊ နျူကလီးယားရေဆိုး ပင်လယ်အတွင်းသို့ စွန့်ထုတ်ခြင်း၏ လုံခြုံမှု၊ သန့်စင်ကိရိယာများ၏ရေရှည်ယုံကြည်စိတ်ချရမှု၊ စောင့်ကြည့်ရေးအစီအစဉ်များ၏ထိရောက်မှု စသည်တို့အပေါ် နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုများကို ဂျပန်နိုင်ငံက မဖြေရှင်းသေးသည့် အခြေအနေမျိုးတွင် ပင်လယ်အတွင်းသို့ အဆက်မပြတ် စွန့်ထုတ်နေခြင်းဖြစ်ပြီး ညစ်ညမ်းသည့်အန္တရာယ်အလားအလာကို ကမ္ဘာတစ်ဝန်းလုံးထံ ရွှေ့ပြောင်းပေးခြင်းသည် အလွန်တရာ တာဝန်မဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဂျပန်နိုင်ငံကို အကြိမ်ပေါင်းများစွာ ပြောကြားခဲ့သလို ထဲထဲဝင်ဝင် တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်ခဲ့တယ်”၊ “အိမ်နီးချင်းနိုင်ငံစတဲ့ အကျိုးစီးပွားသက်ဆိုင်သူတွေ လက်တွေ့ပါဝင်မှု၊ သီးခြားရှိမှု၊ ထိရောက်မှု ရှိတဲ့ ရေရှည် နိုင်ငံတကာစောင့်ကြည့်ရေးအစီအစဉ် ထူထောင်ရာမှာ ဂျပန်နိုင်ငံအနေနဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်သွားရန် မိမိတို့ တိုက်တွန်းပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)


…………………………….
(Chinese Version)
外交部:中方反对日本单方面向海洋排放核污染水的立场没有变化
新华社北京8月7日电(记者袁睿)外交部发言人毛宁7日说,中方反对日本单方面向海洋排放核污染水的立场没有变化,敦促日方全面配合建立周边邻国等利益攸关方实质参与、独立、有效的长期国际监测安排。
有记者问:据报道,8月7日,日本东京电力公司启动第八批福岛核污染水排海,预计将持续至8月25日,计划排放约7800吨核污染水。中方对此有何评论?
毛宁说,中方反对日本单方面向海洋排放核污染水的立场没有变化。福岛核污染水排海事关全人类健康、全球海洋环境、国际公共利益,绝非日方一家私事。日方在尚未解决国际社会对核污染水排海安全性、净化装置长期可靠性、监测安排有效性等关切的情况下,持续不断向海洋排放核污染水,将潜在污染风险转嫁给全世界,极其不负责任。   “中方已多次向日方表明关切并同日方进行了深入沟通。”毛宁说,“我们敦促日方全面配合建立周边邻国等利益攸关方实质参与、独立、有效的长期国际监测安排。”(完)