Connect with us

Africa & Middle East

ဆွီဒင်သံအမတ်ကို ၇၂ နာရီအတွင်း နိုင်ငံမှ ထွက်ခွာရန် မာလီအသွင်ကူးပြောင်းရေးအစိုးရ တောင်းဆို

ဒတ်ကာ၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

မာလီနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ် Kristina Kuhnel ကို ၇၂ နာရီအတွင်း နိုင်ငံမှ ထွက်ခွာရန် တောင်းဆိုထားပြီးဖြစ်ကြောင်း မာလီ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ဩဂုတ် ၉ ရက်တွင် ကြေညာခဲ့သည်။

ဆွီဒင် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Johan Forssell ၏ မာလီနိုင်ငံအပေါ် “ရန်လိုသည့် အပြောအဆို” များကြောင့် မာလီနိုင်ငံခြားရေးဝန်ကြီးဌာနက Kuhnel ကို ဆင့်ခေါ်ကာ ၇၂ နာရီအတွင်း မာလီမှထွက်ခွာရန် တောင်းဆိုခဲ့ကြောင်း မာလီနိုင်ငံခြားရေးဝန်ကြီးဌာနက လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။

ရုရှားကို မာလီ ထောက်ခံနေခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း၊ ဆွီဒင်အစိုးရအနေဖြင့် မာလီအား ကူညီပံ့ပိုးမှုများကို ၂၀၂၄ ခုနှစ်တွင် တစ်ဖြည်းဖြည်း လျှော့ချသွားရန် ဆုံးဖြတ်ထားကြောင်း Johan Forssell က ဩဂုတ် ၇ ရက် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ (Xinhua)
…………………………
(Chinese Version)
马里过渡政府要求瑞典大使72小时内离境
新华社达喀尔8月9日电(记者王子正)巴马科消息:马里外交和国际合作部9日宣布,已要求瑞典驻马里大使克里斯蒂娜·屈内尔72小时内离境。
马里外交部在社交媒体上说,鉴于瑞典外贸大臣兼国际发展合作大臣约翰·福塞尔针对马里发表的“敌对言论”,马里外交部已于9日召见屈内尔,并要求她72小时内离开马里。
福塞尔7日在社交媒体上发文指责马里支持俄罗斯,称瑞典政府决定在2024年逐步取消对马里的援助。