Connect with us

North America

ဟူ့စတန်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၃ ဦး သေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူ့စတန်မြို့ ရဲဋ္ဌာနအတွင်း ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဟူ့စတန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူ့စတန်မြို့ အနောက်တောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် လူ သုံးဦး သေဆုံးခဲ့ကြောင်း ဟူ့စတန် ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်က အတည်ပြုပြောကြားခဲ့သည်။

ဟူ့စတန် ရဲဋ္ဌာန လက်ထောက် အမှုဆောင်အရာရှိချုပ် Troy Finner က သတင်းထောက်များအား ပြောကြားရာတွင် သေနတ်သမားမှာ ကားပစ္စည်းဆိုင် ဝန်ထမ်းဟောင်း တစ်ဦးဖြစ်ကြောင်း၊ ဒေသစံတော်ချိန် ညနေ ၄း၀၀ နာရီဝန်းကျင်တွင် ယင်းဆိုင်ရှိ အလုပ်သမား နှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း၊ သေနတ်သမားမှာ ဆိုင်ခြံဝင်းအတွင်း လမ်းလျှောက်ကာ မိမိကိုယ်ကို သေနတ်ဖြင့် သတ်သေသွားခဲ့ကြောင်း သိရသည်။ပစ်ခတ်မှုဖြစ်ပွားစဉ်တွင် ဆိုင်အတွင်း လူများစွာ ရှိနေခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က သေနတ်သမား၏ မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့ကြောင်း၊ သို့သော် သေနတ်သမားအား အမျိုးသား သို့မဟုတ် အမျိုးသမီးဖြစ်သည်ကို ငြင်းဆိုထားကြောင်း Finner က ဆိုသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဒဏ်ရာရသူမရှိကြောင်း၊ သေနတ်ဖြင့် ပစ်သတ်ရခြင်း အကြောင်းရင်းအား ယခုချိန်၌ မသိရသေးကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးပါက အသေးစိတ် အချက်အလက်များအား ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ ကားပစ္စည်းဆိုင်မှာ ဟူ့စတန်မြို့လယ်မှ အနောက်တောင်ဘက် ၂၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.