Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အရေးပေါ် စားနပ်ရိက္ခာအကူအညီများ ပေးအပ်မည်

မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်တွင် ကယ်ဆယ်ရေးသမားများက ရေဘေးသင့်ပြည်သူများအားရွှေ့ပြောင်းကယ်ဆယ်နေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Service Department/ Handout via Xinhua)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူ ၅၀၀,၀၀၀ နီးပါးအတွက် အရေးပေါ်စားနပ်ရိက္ခာ တစ်လစာ ထောက်ပံ့သွားမည်ဖြစ်ကြောင်း WFP ၏ ဖော်ပြချက်အား ကိုးကား၍ နိုင်ငံပိုင်သတင်းစာ The Global New Light of Myanmar က စက်တင်ဘာ၂၀ ရက်တွင် ဖော်ပြခဲ့သည်။
ဆန်၊ ဘီစကွတ်နှင့် အာဟာရထုတ်ကုန်များ ပါဝင်သည့် စားနပ်ရိက္ခာထောက်ပံ့မှုသည် အစားအစာ အရေးတကြီးလိုအပ်ချက်ကို ဖြေရှင်းရန်ရည်ရွယ်ကြောင်း WFP က စက်တင်ဘာ ၁၈ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရေဘေးသင့်ပြည်သူများအား အရေးပေါ် စားနပ်ရိက္ခာအကူအညီများ ပေးအပ်နိုင်ရေးအတွက် ယခုသီတင်းပတ်အတွင်း ကြိုးပမ်းလျက်ရှိကြောင်း WFP က ဆိုသည်။
တိုင်ဖွန်းမုန်တိုင်း ရာဂီ မဝင်ရောက်မီတွင် စိုက်ပျိုးမြေဧကသိန်းနှင့်ချီ ရေဖုံးလွှမ်းခံရမှုအား တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း မြန်မာနိုင်ငံရှိရေဘေးသင့်ပြည်သူ ၁၈၅,၀၀၀ အား WFP က အရေးပေါ်အကူအညီများ ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း ရာဂီနှင့် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပွားခဲ့သည့် အားကောင်းသော မုန်တိုင်းငယ်ကြောင့် မကြာသေးမီက ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် သေဆုံးသူစုစုပေါင်း ၂၉၃ ဦးရှိကာ ပျောက်ဆုံးသူ ၈၉ ဦးရှိကြောင်း သိရသည်။ (Xinhua)


……………………………..
(English Version)
WFP to provide emergency food aid to flood victims in Myanmar
YANGON, Sept. 20 (Xinhua) — The United Nations World Food Programme (WFP) will provide a one-month supply of emergency food rations to approximately 500,000 flood-affected people in Myanmar, the state-run daily The Global New Light of Myanmar, citing the WFP, reported on Friday.
The food rations, which will include rice, fortified biscuits, and nutrition products, aim to address immediate food needs, the WFP said in a statement dated Sept. 18.
The WFP said it is working to provide emergency food assistance for the flood victims this week.
Before Typhoon Yagi, the WFP had already reached 185,000 flood-affected people in Myanmar with emergency assistance in July and August in response to floods that inundated hundreds of thousands of acres of farmland, it added.
In Myanmar, a total of 293 people were dead and 89 others missing as of Thursday morning due to the recent floods triggered by Typhoon Yagi and a deep depression in the Bay of Bengal. Enditem
English Caption
Rescuers evacuate flood victims in Tatkon Township, Nay PyiTaw, Myanmar, Sept. 12, 2024. (Myanmar Fire Service Department/ Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.