Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အင်အား ၅.၃ အဆင့်ရှိသော ငလျင်လှုပ်ခတ်

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသော ငလျင်လှုပ်ရှားမှုပြမြေပုံကို တွေ့ရစဉ် (ဓာတ်ပုံ - မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အောက်တိုဘာ ၁၁ ရက် နံနက် ၁၁:၁၀ မိနစ်ခန့်က အင်အား ၅.၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ငလျင်သည် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၃၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၂.၈၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၉၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားသည်ဟု တိုင်းထွာရရှိခဲ့ကြောင်း DMH ထံမှ သိရသည်။ (Xinhua)
……………………
(English Version)
5.3-magnitude quake hits central Myanmar
YANGON, Oct. 11 (Xinhua) — A 5.3-magnitude earthquake jolted central Myanmar at about 11:10 a.m. local time on Friday, the country’s Department of Meteorology and Hydrology (DMH) reported.
According to the DMH, the epicenter was determined to be 8 km to the southwest of Thabeikkyin town in Mandalay Region.
The earthquake, with a depth of 10 km, was initially determined to be at 22.85 degrees north latitude and 95.91 degrees east longitude, the DMH said.