China
ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများအနက် ဗဟိုချက်ဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေး နိုင်ငံရေးအုတ်မြစ်၏ အခြေခံဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)
ထိုင်ဝမ်အရေးသည် တရုတ်-အမေရိကန် အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်ဘက်၏ ဦးစားပေးဂရုပြုသည့် အကြောင်းအရာဖြစ်သည်ဟု ပြင်ပလောက ခန့်မှန်းချက်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများအနက် ဗဟိုချက်ဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေး နိုင်ငံရေးအုတ်မြစ်၏ အခြေခံဖြစ်ကြောင်း မေ ၇ ရက်တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက်သုံးရပ်အား လိုက်နာစောင့်ထိန်းခြင်း၊ အမေရိကန်အစိုးရအဆက်ဆက်က ထိုင်ဝမ်အရေးကိစ္စတွင် ပြုလုပ်ခဲ့သော ကတိကဝတ်များကို လိုက်နာစောင့်ထိန်းခြင်းသည် အမေရိကန်ဘက်က လုပ်ဆောင်သင့်သည့် နိုင်ငံတကာတာဝန်ဝတ္တရား ဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာနှင့် စဉ်ဆက်မပြတ် တိုးတက်မှုအတွက် မဖြစ်မနေလိုအပ်ချက်လည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက နိုင်ငံတော်ပေါင်းစည်းရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းသည့် ဆုံးဖြတ်ချက်သည် မမှိတ်မသုန်ခိုင်မြဲကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး” နှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးသည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းလိုပါက “ထိုင်ဝမ်ခွဲထွက်ရေး” ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部:台湾问题是中国核心利益中的核心,是中美关系政治基础中的基础
新华社北京5月7日电(记者吴梦桐、马卓言)针对外界猜测台湾问题是中美元首会晤中方首要关切议题,外交部发言人林剑7日在例行记者会上答问时表示,台湾问题是中国核心利益中的核心,是中美关系政治基础中的基础。恪守一个中国原则和中美三个联合公报、恪守美国历届政府在台湾问题上所作承诺是美方应尽的国际义务,也是中美关系稳定、健康、可持续发展的必要前提。中方维护国家统一和领土完整的决心坚定不移,“台独”分裂与台海和平水火不容,维护台海和平稳定就必须旗帜鲜明反对“台独”。(完)
图说:当地时间10月30日,国家主席习近平在釜山同美国总统特朗普举行会晤。新华社记者 黄敬文 摄
