Connect with us

Politics

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်)

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို အမည်မသိ တိုက်ခိုက်သူက လက်ပစ်ဗုံးဖြင့် ပစ်၍တိုက်ခိုက်ခဲ့သည်ကို ယမန်နေ့သတင်းများ၌ ဖော်ပြထားကြောင်း၊ ထိုဖြစ်ရပ်အား ပြောရေးဆိုခွင့်ရှိသူအနေဖြင့် အတည်ပြုပေးနိုင်ပါသလား၊ ထို့အပေါ်  မည်သို့တုံ့ပြန်ပြောကြားလိုပါသနည်း ဟု Bloomberg သတင်းဌာန သတင်းထောက်တစ်ဦးက အောက်တိုဘာ ၂၁ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မြန်မာနိုင်ငံတွင် ဒေသစံတော်ချိန် အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခန့်က မန္တလေးမြို့၌ လမ်းမအနီးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၏ ရုံးအဆောက်အဦတစ်ခု ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း၊ လူသေဆုံးဒဏ်ရာရမှုမရှိသော်လည်း ရုံးအဆောက်အဦ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အဆိုပါလုပ်ရပ်အပေါ်  အလွန်ထိတ်လန့်အံသြမိသလို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့အနေဖြင့် အရေးပေါ်တုံ့ပြန်မှုယန္တရားကို လျင်မြန်စွာ စတင်ခဲ့ပြီး တုံ့ပြန်စီမံမှုများကို လျင်မြန်စွာ ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အလေးအနက် အရေးဆိုခဲ့ပြီး မြန်မာနိုင်ငံအား တိုက်ခိုက်မှုဖြစ်ရပ်အပေါ်ထိထိရောက်ရောက် စုံစမ်းစစ်ဆေးရန်၊ အချင်းဖြစ်ရပ်ကျူးလွန်သူအား အစွမ်းကုန် ရှာဖွေဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ပြင်းထန်စွာ အပြစ်ပေးရန် တိုက်တွန်းကြောင်း၊ ယင်းကဲ့သို့သောဖြစ်ရပ်မျိုးများ ပပျောက်အောင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး၊ အဖွဲ့အစည်းဌာနများ၊ စီမံကိန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို ဘက်စုံတိုးမြှင့်ရန် တိုက်တွန်းကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်ကလည်း ယင်းဖြစ်ရပ်အပေါ်  ထိတ်လန့်တုန်လှုပ်ရသလို ဝမ်းနည်းပါကြောင်း၊ လိုအပ်သည့်အစီအမံများ လုပ်ဆောင်ပြီး ဖြစ်ရာ ကတိကဝတ်များနှင့် နိုင်ငံတကာတရားဥပဒေ တာဝန်ဝတ္တရားများကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်းဌာနများ၏ လုံခြုံရေး အဓိကတာဝန်ကို လက်တွေ့တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် မကြာသေးမီက လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ ကုမ္ပဏီလုပ်ငန်းနှင့် အဖွဲ့အစည်းဌာနများအား ဒေသလုံခြုံရေးအခြေအနေကို ဆက်လက်အနီးကပ်စောင့်ကြည့်ရန်၊  လုံခြုံရေးအစီအမံများ မြှင့်တင်ကာ လုံခြုံရေးအတွက် ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်)

…………………………..
(Chinese Version)
中国外交部发言人就中国驻曼德勒总领馆遭袭击表态

彭博社记者:昨天有报道称,身份不明的袭击者向中国驻曼德勒总领馆投掷手榴弹。发言人能否证实此事?对此有何回应?
林剑:缅甸当地时间10月18日晚5时许,中国驻曼德勒总领馆临街一栋办公楼遭遇了爆炸袭击,未造成人员伤亡,但导致了馆舍部分损坏。中方对袭击行为深感震惊,予以严厉谴责。中国外交部和驻缅甸使领馆已第一时间启动应急机制,迅速开展处置应对。中方已向缅方提出严肃交涉,敦促缅方彻查袭击事件,全力抓捕并依法严惩肇事者,全面加大对中方在缅使领馆、机构、项目和人员的安保力度,杜绝再次发生类似的事件。缅方对事件感到震惊和痛心,表示已采取系列必要举措,将履行承诺和国际法义务,切实承担在缅中方人员和机构安保的主责。
中国驻曼德勒总领馆日前已发布安全提醒,请所有在缅的中国公民、企业和机构继续密切关注当地的安全形势,强化安保措施,做好安全防范。