Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၆၇ ဦး သေဆုံးပြီး ၂၇၀ ဦး ဒဏ်ရာရ

မြန်မာနိုင်ငံရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု ၁၅၁ မှု ဖြစ်ပွားခဲ့ရာ လူ ၆၇ ဦး သေဆုံးပြီး အခြားသူ ၂၇၀ ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နှစ် အလားတူကာလက အဆိုပါ လမ်းမကြီးတွင် ယာဉ်တိုက်မှု ၁၂၆ မှုဖြစ်ပွားခဲ့ပြီး လူ ၇၀ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၅၄ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကာလအတွင်း ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းများမှာ မဆင်မခြင်မောင်းနှင်မှု၊ မော်တော်ယာဉ်ချို့ယွင်းမှုများ၊ လူ၏မှားယွင်းမှုများ၊ လမ်းနှင့် ရာသီဥတုအခြေအနေများကြောင့် ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၅၈၇ ကီလိုမီတာရှည်လျားပြီး မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့တို့ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)

………………………..
(English Version)
67 killed, 270 injured in Myanmar’s highway accidents in Jan-Sept
YANGON, Oct. 24 (Xinhua) — A total of 67 people were killed and 270 others injured in 151 road accidents on Myanmar’s Yangon-Mandalay highway between January and September this year, according to a report from the Road Transport Administration Department on Thursday.
The figures were compared to 70 deaths and 254 injuries reported from 126 traffic accidents in the same period last year, the report said.
The causes of traffic accidents during the period included reckless driving, vehicle defects, human errors, and road and weather conditions, according to the highway traffic police.
The 587 km Yangon-Mandalay expressway, the busiest highway in Myanmar, connects the country’s commercial city Yangon with its second largest city Mandalay.