Connect with us

Latin America

ဥရုဂွေး နိုင်ငံ သမ္မတ နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တို့က ဥရုဂွေး သမ္မတ အိမ်တော် တွင် တွေ့ဆုံဆွေးနွေး

ဥရုဂွေး နိုင်ငံ သမ္မတ Tabaré Vázquez နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်းကြီး ဝမ်ရိ တို့က ဇန်နဝါရီ ၂၄ ရက်နေ့ ၌ တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

မွန်တီဗီဒီယို ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဥရုဂွေး နိုင်ငံ သမ္မတ Tabaré Vázquez က ဇန်နဝါရီ ၂၄ ရက်နေ့ ၌ သမ္မတ အိမ်တော် တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဥရုဂွေး နိုင်ငံ သမ္မတ Tabaré Vázquez က ဥရုဂွေး-တရုတ် သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၃၀ ကာလအတွင်း အောင်မြင်မှုများစွာရရှိနိုင်ခဲ့ပြီး လက်ရှိ နှစ်နိုင်ငံ ဆက်ဆံရေး မှာ လည်း သမိုင်းတစ်လျှောက် အကောင်းဆုံး အခြေအနေ သို့ ရောက်ရှိနေကာ တရုတ် နိုင်ငံ နှင့် ချစ်ကြည်ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေး ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည်လည်း ဥရုဂွေး နိုင်ငံ အတွင်းရှိ နိုင်ငံရေး ပါတီများ၏ ဘုံသဘောတူညီချက် ဖြစ်ခဲ့ကြောင်း ၊ ဥရုဂွေး အနေဖြင့် တရုတ် နိုင်ငံ နှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ရန် လွန်စွာ ဆန္ဒပြင်းပြ ပြီး စီးပွားရေး ၊ လူမှုရေး နှင့် နည်းပညာ စသော ကဏ္ဍများတွင် ပူးပေါင်းဖလှယ်မှု ကို ပိုမို နက်ရှိုင်းစေလိုကြောင်း ၊ ဥရုဂွေး နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ဖော်ဆောင်သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို လွန်စွာချီးမွမ်းပြီး ဥရုဂွေး နိုင်ငံ ၏ ပထဝီ အနေအထား အားသာချက်ဖြင့် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်သွားလိုကာ ဥရုဂွေး နိုင်ငံ အား ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် တောင်အတ္တလန္တိတ် သို့ ရှေ့ဆက်ရာ၌ အရေးပါသည့် တည်နေရာ တစ်ခု ဖြစ်တည်စေလိုကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က ဥရုဂွေး နိုင်ငံ သမ္မတ ၏ ၂၀၁၆ ခုနှစ်၌ တရုတ် နိုင်ငံ သို့လာရောက်လည်ပတ် စဉ် အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် သဘောတူညခဲ့သည့် နှစ်နိုင်ငံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ကို ချီးမွမ်းကြောင်း ၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၃၀ ကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး သည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း ၊ ယခင် နှစ်နိုင်ငံ ခေါင်းဆောင် တို့၏ အမျှော်အမြင် ကြီးမားစွာ မဟာဗျူဟာ လမ်းညွှန်ဆောင်ရွက်ပေးခဲ့မှုကြောင့် နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် လေးစားခြင်း ၊ တန်းတူညီမျှ ဆက်ဆံခြင်း ၊ အပြန်အလှန် ထောက်ခံခြင်း တို့ကြောင့် နှစ်နိုင်ငံ အား အတူတကွ အကျိုး ဖြစ်ထွန်းစေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဥရုဂွေး နိုင်ငံ မှ တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို ထောက်ခံအားပေး သည့် အတွက် ချီးမွမ်း ပြီး ဥရုဂွေး နိုင်ငံ မှ လည်း ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် ပါဝင်ဆောင်ရွက်မှု မှ တစ်ဆင့် ဥရုဂွေး နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအား တစ်ခု ဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဥရုဂွေး နိုင်ငံ နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို နက်ရှိုင်းစေလိုပြီး လူမှုရေး ဖလှယ်မှု ကို တိုးမြှင့်ကာ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်စာချုပ်ချုပ်ဆို နိုင်ရန် အတွက်လည်း တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.