Connect with us

Latin America

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဘိုလီးဗီးယားနိုင်ငံ ပါဝင်ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ဘိုလီးဗီးယားနိုင်ငံ Fernando Huanacuni တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်တီယာဂို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဘိုလီးဗီးယားနိုင်ငံမှ ပါဝင်ဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်းနှင့် နယ်ပယ်ပေါင်းစုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

ဝမ်သည် ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂိုတွင် ပြုလုပ်သော တရုတ်နိုင်ငံနှင့် လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများ (CELAC) ဖိုရမ်၏ မူဘောင်အောက်၌ ပြုလုပ်သော ဒုတိယအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပနေစဉ်အတွင်း ဘိုလီးဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Fernando Huanacuni နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် ဘိုလီးဗီးယားနိုင်ငံတို့သည် နီးကပ်စွာ ဆက်သွယ်မှုှရှိပြီး ပူးပေါင်းဆောင်ရွက်မှု တဖြည်းဖြည်း ပို၍တိုးတက်မှုရှိသည့် မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းများဖြစ်ကြောင်း၊ နိုင်ငံတကာရေးရာများတွင်လည်း နှစ်နိုင်ငံ အခိုင်အမာ ထောက်ပံ့မှုရှိသည့်အပေါ် ဝမ်က မှတ်ချက်ပြုပြောကြားခဲ့သည်။

ဘိုလီးဗီးယားနိုင်ငံအနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုအား အခိုင်အမာ ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ ယင်းဖော်ဆောင်မှုသည် နိုင်ငံအားလုံး၏ ဘုံဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရေးအတွက် အကူအညီ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား ပူးတွဲကိုင်တွယ်သွားမည် ဖြစ်ကြောင်း Huanacuni က ပြောကြားခဲ့သည်။

တရုတ်-CELAC ဖိုရမ် ဒုတိယအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးသို့ တရုတ်နိုင်ငံ၊ လက်တင်အမေရိက နိုင်ငံများနှင့် အခြား ဆက်စပ်သော နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

CELAC သည် ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည်တို့တွင် နက်ရှိုင်းစွာ ပေါင်းစည်းရေးအား ရှာဖွေရန်အတွက် လက်တင်အမေရိကန်နှင့် ကာရေဘီယံမှ ဒေသတွင်းနိုင်ငံများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.