Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “ပါလက်စတိုင်းများနှင့် အပြည်ပြည်ဆိုင်ရာ သွေးစည်းညီညွတ်ရေးနေ့” အထိမ်းအမှတ် ညီလာခံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂက “ပါလက်စတိုင်းများနှင့် အပြည်ပြည်ဆိုင်ရာ သွေးစည်းညီညွတ်ရေးနေ့” အထိမ်းအမှတ် ညီလာခံကို နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က ပါလက်စတိုင်းပြဿနာသည် အရှေ့အလယ်ပိုင်းပြဿနာ၏ အဓိက ဖြစ်ပြီး နိုင်ငံတကာ တရားမျှတမှုနှင့် သက်ဆိုင်ကြောင်း ထောက်ပြခဲ့သည်။ ထိပ်တန်းဦးစားပေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို အပြည့်အဝ ထိထိရောက်ရောက် အကောင်အထည်ဖော်ရန်၊ အပစ်အခတ်ရပ်စဲရေးနှင့် တိုက်ပွဲများရပ်တန့်ရေးကို အမြန်ဆုံးဖော်ဆောင်ရန်၊ ဒေသတွင်း အခြေအနေကို ဖြေလျှော့ရန် ဖြစ်သည်။ အခြေခံကျဆုံး ထွက်လမ်းမှာ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို လက်တွေ့ ဖော်ဆောင်ရန်၊ ပါလက်စတိုင်းပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုကို တွန်းအားပေရန်၊ ၁၉၆၇ ခုနှစ်က နယ်နိမိတ်များသတ်မှတ်ချက်များအပေါ် အခြေခံသော၊ အရှေ့ဂျေရုဆလမ်ကို မြို့တော်အဖြစ် သတ်မှတ်သော၊ အချုပ်အခြာအာဏာ အပြည့်အဝခံစားခွင့်ရှိပြီး လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ထူထောင်ရန်၊ ပါလက်စတိုင်းများ၏ နိုင်ငံတည်ဆောက်ခွင့်၊ ရှင်သန်ရပ်တည်ခွင့်နှင့် ပြန်လာခွင့်ကို အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းများ၏ အမျိုးသား တရားဝင်အခွင့်အရေးများပြန်လည်ရရှိရေး တရားမျှတသည့် လုပ်ငန်းကို အစဉ်အမြဲ ခိုင်မာစွာထောက်ခံပြီး ပါလက်စတိုင်းအဖွဲ့ခွဲများ စည်းလုံးညီညွတ်မှုအားဖြည့်ရေးကို ထောက်ခံကြောင်း၊《ခွဲထွက်မှု အဆုံးသတ်ရေးနှင့် ပါလက်စတိုင်းအမျိုးသားစည်းလုံးညီညွတ်မှု မြှင့်တင်ရေးဆိုင်ရာ ပေကျင်းကြေညာချက်》ကို အကောင်အထည်ဖော်ဆောင်ရွက်ကာ ပြည်တွင်း ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ပါလက်စတိုင်းအား ကုလသမဂ္ဂ၏ တရားဝင်အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန် အခိုင်အမာ ထောက်ခံပြီး ပိုမိုကြီးမားသော၊ အခွင့်အာဏာပိုရှိပြီး ပိုမိုထိရောက်သော နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပခြင်းကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ ဆက်လက်၍ စစ်မက်မီးလျှံ ငြှိမ်းသတ်ရန်နှင့် သတ်ဖြတ်မှုများကို ရပ်တန့်ရန် အတူတကွ တွန်းအားပေးမည်ဖြစ်ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပံ့ပိုးပေးရန် ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) အား ထောက်ခံကြောင်း၊ ဘက်စုံ၊ တရားမျှတ၍ ရေရှည်တည်တံ့သော ဖြေရှင်းချက်ရရှိရေး ဆောလျင်စွာ ရရှိရန် ပါလက်စတိုင်းပြဿနာကို “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိရေးကို တွန်းအားပေးမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ (Xinhua)
#သမ္မတရှီကျင့်ဖိန် #ပါလက်စတိုင်း #UNRWA #ကုလသမဂ္ဂ #ဂါဇာ #တရုတ်နိုင်ငံ #နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း
…………………………
(Chinese Version)
习近平向“声援巴勒斯坦人民国际日”纪念大会致贺电
新华社北京11月27日电 11月26日,联合国举行“声援巴勒斯坦人民国际日”纪念大会,国家主席习近平向大会致贺电。
习近平指出,巴勒斯坦问题是中东问题的核心,关乎国际公平正义。当务之急是全面有效执行联合国安理会有关决议,尽快停火止战,缓和地区局势。根本出路是把“两国方案”落到实处,推动巴勒斯坦问题政治解决,建立以1967年边界为基础、以东耶路撒冷为首都、享有完全主权的独立的巴勒斯坦国,实现巴勒斯坦人民建国权、生存权、回归权。
习近平强调,中国始终坚定支持巴勒斯坦人民恢复民族合法权利的正义事业,支持巴勒斯坦各派加强团结,落实《关于结束分裂加强巴勒斯坦民族团结的北京宣言》,实现内部和解。中国坚定支持巴勒斯坦成为联合国正式会员国,支持召开更大规模、更具权威、更有实效的国际和会。中国将继续同国际社会一道,共同推动平息战火、停止杀戮,支持联合国近东巴勒斯坦难民救济和工程处继续向加沙人民提供人道援助,推动巴勒斯坦问题回到“两国方案”的正确轨道,早日得到全面、公正、持久解决。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.