Africa & Middle East
လက်ဘနွန်ပြည်သူလူထု အများအပြား နေရပ်သို့ ပြန်လာကြ
ဘေရွတ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးတို့ ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် စတင်အသက်ဝင်ခဲ့ရာ စစ်မက်မီးလျှံကြောင့် ထွက်ပြေးနေရသော လက်ဘနွန်ပြည်သူလူထုအချို့ နေရပ်သို့ ပြန်လာခဲ့ကြသည်။ သဘောတူညီချက် အသက်ဝင်ပြီးနောက် လက်ဘနွန်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ အဓိကလမ်းမကြီးများတွင် ယာဉ်သွားလာမှု ပြန်လည်စတင်ခဲ့သည်။ လက်ဘနွန်နိုင်ငံ လူဦးရေ ၆ သန်းအနက်မှ လူပေါင်း ၁.၂ သန်းခန့်သည် ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးခဲ့ကြကြောင်း လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ (Xinhua)
…………………….
(Chinese Version)
大批黎巴嫩民众重返家园
贝鲁特,2024年11月28日
黎巴嫩真主党与以色列达成的停火协议当地时间27日凌晨生效,部分逃离战火的黎巴嫩民众开始返回家园。协议生效后,黎巴嫩南部和东部主要道路恢复通行。黎卫生部本月初发布的数据显示,黎巴嫩600万人口中,大约120万人因冲突升级而逃离家园。
图说1:11月27日,在黎巴嫩南部,人们驾车返回家园。新华社发(阿里·哈希绍摄)
图说2:11月27日,在黎巴嫩东部贝卡地区,一名开车返回家园的男子做出胜利手势。新华社发(马希尔·卡马尔摄)