Connect with us

Social

ဝမ်းတွင်းမြို့နယ်၌ ငွေဒင်္ဂါးပြား ၂၂၄ ပြား တူးဖော်တွေ့ရှိ

တူးဖော်ရရှိသည့်ငွေဒင်္ဂါးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ ငွေဒင်္ဂါးပြား ၂၂၄ ပြား တူးဖော်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ၀၉း၀၀နာရီ အချိန် ဝမ်းတွင်းမြို့နယ်၊ မင်းကုန်း ကျေးရွာမြောက်ဘက် ကွင်းအမှတ်(၁၅၉၆)ရှိ ဦးတိုင်းကျော်(၅၃)နှစ်၏ လယ်ကွင်း၌ မြို့နယ်ကြက်ခြေနီအသင်းမှ သောက်သုံးရေရရှိရန် အဝီစိတွင်းတူးဖော်ပြီး၍ ရေတွင်းနှင့် ပေ ၂၆၀၀ ခန့်အကွာတွင် ရေပိုက်သွယ်တန်းရန် မြောင်းတူးဖော်ရာ အနက် ၁ ပေခွဲခန့်တွင် ရှေ့ဟောင်းငွေဒင်္ဂါးဟုယူဆရသည့် ဒင်္ဂါးပြားများ အကြီး/ အသေး ၂၂၄ ပြားတွေ့ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ၁၀း၀၀ နာရီ အချိန် မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မှ ဒင်္ဂါးပြား များတွေ့ရှိသူ ဦးတိုးအောင် အပါအဝင် ၅ ဦးတို့ အား တွေ့ဆုံ၍ ဒင်္ဂါးပြားများအား ရှေ့ဟောင်း သုတေသန သို့ အကြောင်းကြားကာ အပ်နှံရန် ပညာပေးပြောကြားခဲ့ပြီး ဒင်္ဂါးပြား အကြီးမှာ (အချင်း ၃ စင်တီမီတာခွဲ၊ အလေးချိန် ၃ မတ်သား)ရှိပြီး ဒင်္ဂါးပြား အသေးမှာ(အချင်း ၂ စင်တီမီတာခွဲ၊ အလေးချိန် ၁ ကျပ်သား)ရှိကြောင်းနှင့် အဆိုပါ ဒင်္ဂါးပြားများအား တူးဖော် တွေ့ရှိသူများမှ ၎င်းတို့နေအိမ်အသီးသီးတွင် သိမ်းဆည်းထားရှိပြီး ရှေးဟောင်းသုတေသနသို့ ဆက်သွယ်ထား ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.