Connect with us

Africa & Middle East

ပါလက်စတိုင်း နိုင်ငံ အား ကုလသမဂ္ဂ တရားဝင် အဖွဲ့ဝင် နိုင်ငံ အဖြစ် လက်ခံရန် နိုင်ငံတကာ အသိုင်းအဝိုင်း အား တိုက်တွန်း

ပါလက်စတိုင်း နိုင်ငံ သမ္မတ Mahmoud Abbas အား ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ ကုလသမဂ္ဂ အစည်းအဝေး တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း နိုင်ငံ သမ္မတ Mahmoud Abbas က ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ နိုင်ငံတကာ အသိုင်းအဝိုင်း အား ပါလက်စတိုင်း နိုင်ငံအား ကုလသမဂ္ဂ ၏ တရားဝင် အဖွဲ့ဝင် နိုင်ငံ အဖြစ် လက်ခံရန် နှင့် ၁၉၆၇ ခုနှစ် တွင် ဂျေရုစလင် အရှေ့ပိုင်း အား မြို့တော် အဖြစ် သတ်မှတ် ပြီး ရေးဆွဲခဲ့သည့် နယ်နိမိတ် သတ်မှတ်ချက် ကို လက်ခံရန် တိုက်တွန်း ပြောကြား ခဲ့သည်။

Mahmoud Abbas က နိုင်ငံတကာ ဘက်စုံ စည်းစနစ် တစ်ခု တည်ထောင်ပြီး ပါလက်စတိုင်း နှင့် အစ္စရေး နိုင်ငံ တို့အား ၁၉၉၃ ခုနှစ်တွင် ရေးထိုးခဲ့သည့် Oslo သဘောတူညီချက် ကို လိုက်နာစေကာ ဆွေးနွေးမှု ဖြင့် နယ်နိမိတ် သတ်မှတ်ချက်ကို ဖြေရှင်းစေလိုကြောင်း ကုလသမဂ္ဂ တွင် ကျင်းပ သည့် အစည်းအဝေး တွင် ပြောကြား ခဲ့သည်။

ထို့ပြင် Mahmoud Abbas က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ ဂျေရုစလင် အား အစ္စရေး နိုင်ငံ ၏ မြို့တော် အဖြစ် သတ်မှတ်ခြင်း အပေါ် ပြင်းထန်စွာ ရှုံ့ချ ပြီး ယင်း ဆုံးဖြတ်ချက်သည် နိုင်ငံတကာ အသိုင်းအဝိုင်း မှ ကန့်ကွက်သည့် မှားယွင်းသော ဆုံးဖြတ်ချက် တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၁ ခုနှစ် စက်တင်ဘာ လ တွင် ပါလက်စတိုင်း နိုင်ငံ က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးထံသို့ တရားဝင် အဖွဲ့ဝင် နိုင်ငံ အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း လုံခြုံရေး ကောင်စီ ၏ ခွင့်ပြုခြင်း ကို မရရှိပါ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ တွင် ကုလသမဂ္ဂ အစည်းအဝေး မှ ဆုံးဖြတ်ချက် ချမှတ် ခဲ့ပြီး ပါလက်စတိုင်း နိုင်ငံအား ကုလသမဂ္ဂ လေ့လာရေး နိုင်ငံ အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.