Connect with us

China

စစ်ရေးလုံခြုံမှုကဏ္ဍတွင် ဂျပန်၏ မကြာခဏလှုပ်ရှားမှုများက ၎င်း၏ “ငြိမ်းချမ်းရေးနိုင်ငံ” အဖြစ် မိမိကိုယ်ကိုအမွှမ်းတင်မှု မျက်နှာဖုံးခွာချလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ဂျပန်နိုင်ငံ တိုကျိုမြို့ လွှတ်တော်အစည်းအဝေးခန်းမ အနီးတစ်ဝိုက်တွင် ဆန္ဒပြလှုပ်ရှားမှု၌ ပါဝင်နေသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
“ကာကွယ်မှုကို သီးသန့်လုပ်ဆောင်ခြင်း” မှ “ရေရှည်စစ်ပွဲ” အထိ ဂျပန်နိုင်ငံသည် လတ်တလောကာလအတွင်း စစ်ရေးလုံခြုံမှုနယ်ပယ်၌ အန္တရာယ်များသော၊ စွန့်စားသောနှင့် အကဲစမ်း၊ ရန်စသော မကြာခဏ လှုပ်ရှားမှုများကြောင့် ၎င်းက “ငြိမ်းချမ်းရေးနိုင်ငံ” အဖြစ် မိမိကိုယ်ကိုအမွှမ်းတင်မှုကို မျက်နှာဖုံး ခွာချလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဧပြီ ၂၈ ရက်တွင် သတင်းထောက်မေးမြန်းမှုအား ဖြေကြားစဉ် ပြောကြားခဲ့သည်။
ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် အစည်းအဝေး၌ လုံခြုံရေးစာရွက်စာတမ်းသုံးခု” အား ပြင်ဆင်ခြင်းသည် နိုင်ငံတော်ကံကြမ္မာအပေါ် သက်ရောက်မှုရှိသည့် အရေးကြီးလုပ်ငန်းဖြစ်ပြီး ရုရှား-ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းအခြေအနေကို သင်ခန်းစာယူကာ “စစ်ဆင်ရေးနည်းလမ်းအသွင်သစ်” ကိုင်တွယ်စီမံမှုကို တွန်းအားပေး၍ “ရေရှည်စစ်ပွဲ” အတွက် ပြင်ဆင်ရမည့်အပြင် ပင်လယ်ရေကြောင်းလုံခြုံရေးစွမ်းရည်၊ ဆိုက်ဘာလုံခြုံရေးနှင့် စီးပွားရေးလုံခြုံရေး အာမခံချက်ကို တွန်းအားပေးဖော်ဆောင်ရမည်ဟု ပြောကြားခဲ့ကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်း ဟု မေးမြန်းခဲ့သည်။
“လတ်တလောကာလတွင် ဆာနာအဲ တာကာအိချိ အစိုးရဟာ စစ်ဘက်စက်မှုလုပ်ငန်းကို အင်တိုက်အားတိုက် ဖော်ဆောင်ပြီး ယခုတွင်လည်း ‘ရေရှည်စစ်ပွဲ’ အတွက် ပြင်ဆင်ထားတယ်လို့ တရားဝင်ဆိုလာပြန်ပါတယ်။ သမိုင်းမှာ ဂျပန်က စစ်ပွဲကို စတင်၍ သူတစ်ပါးနိုင်ငံကို ကျူးကျော်ခဲ့ပြီး လက်ရှိမှာလည်း ‘တင်းမာမှု အခြေအနေ’ ဆိုတာကို ပုံကြီးချဲ့လုပ်ဆောင်နေတာဟာ သမိုင်းဖြစ်ရပ်ဆိုးကို ပြန်လည်လုပ်ဆောင်ကာ ‘ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း’ လမ်းမထက်မှာ အရှိန်မြှင့်ရှေ့ချီတက်ပြီး အရှေ့အာရှရဲ့ ‘ကပ်ဘေးအရင်းအမြစ်’ အဖြစ် ထပ်မံလုပ်ဆောင်ချင်နေတာလား” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
ယခင်က ဂျပန်စစ်ဝါဒီများသည် ကျူးကျော်နယ်ချဲ့ခြင်းကို အကြီးအကျယ်လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် အာရှတိုက်အိမ်နီးချင်းနိုင်ငံများအပေါ် ကြီးလေးသည့်ပြစ်ဒဏ်များကျူးလွန်ခဲ့ရာ ဂျပန်ပြည်သူများသည်လည်း ယင်းကြောင့် ဘေးဒုက္ခခံခဲ့ရကြောင်း၊ ဂျပန်၏ကျူးကျော်မှုသမိုင်းကြောင့်လည်း ဂျပန်စစ်ဝါဒ ပြန်လည်ရှင်သန်နိုးထလာမှုကို ကြိုတင်ကာကွယ်ရန်အတွက် “ကိုင်ရိုကြေညာချက်” ၊ “ပေါ့စ်ဒမ်ကြေညာချက်” နှင့် “ဂျပန်လက်နက်ချအညံ့ခံခြင်း စာချုပ်” စသည့် နိုင်ငံတကာဥပဒေအရ အကျိုးသက်ရောက်မှု အပြည့်အဝရှိသော စာရွက်စာတမ်းများတွင် ဂျပန်အနေဖြင့် အပြည့်အဝလက်နက်ချရန်၊ ၎င်းတို့ ပြန်လည်လက်နက်ကိုင်နိုင်သည့် ကုန်ထုတ်လုပ်ငန်းအား ထိန်းသိမ်းထားခြင်းမပြုရန် အတိအလင်း သတ်မှတ်ခဲ့ကြောင်း၊ ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ၎င်းနိုင်ငံ၏ စစ်ရေးအင်အား၊ စစ်ပွဲဆင်နွှဲခွင့်၊ စစ်ပွဲလုပ်ဆောင်ခွင့်အပေါ်လည်း တင်းကျပ်စွာကန့်သတ်ထားကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“ကာကွယ်မှုကို သီးသန့်လုပ်ဆောင်ခြင်း” မှ “ရေရှည်စစ်ပွဲ” အထိ ဂျပန်နိုင်ငံသည် လတ်တလောကာလအတွင်း စစ်ရေးလုံခြုံမှုနယ်ပယ်၌ အန္တရာယ်များ၍ စွန့်စားသော၊ အကဲစမ်း၍ ရန်စသော မကြာခဏ လှုပ်ရှားမှုများသည် ၎င်းက “ငြိမ်းချမ်းရေးနိုင်ငံ” အဖြစ် မိမိကိုယ်ကိုအမွှမ်းတင်မှုကို မျက်နှာဖုံး ခွာချလိုက်ကြောင်း၊ အမြော်အမြင်ရှိသူအများအပြားက ဂျပန် အဓိကနိုင်ငံရေးပုဂ္ဂိုလ်များ၏ လတ်တလောကာလအတွင်း ပြောကြားချက်များသည် “စစ်ပွဲအတွက်ပြင်ဆင်မှု” “စစ်ပွဲခေါ်မှု” နှင့်ပိုတူကာ ယခင်က ဂျပန်စစ်ဝါဒီများနှင့် တစ်ထပ်တည်းပင်ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“ဒီနှစ်က တိုကျိုစစ်ခုံရုံး တရားရုံးထုတ်စီရင်တဲ့ နှစ် ၈၀ ပြည့်ဖြစ်ပါတယ်။ ဒီလိုမျိုးထူးခြားတဲ့နှစ်မှာ ဂျပန်ဘက်က ကျူးကျော်မှုအပြစ်ကို လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်ခြင်း မရှိတဲ့အပြင် စစ်ရေးအရတိုးချဲ့မှုကို ထပ်မံလုပ်ဆောင်ရန် ကြိုးပမ်းလာတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက လုံးဝသဘောတူမှာ မဟုတ်ပါဘူး။ သမိုင်းသင်ခန်းစာများက အလှမ်းမဝေးလှတာကြောင့် သတိမထားလို့ မရပါဘူး။ ကမ္ဘာပေါ်က ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးတဲ့နိုင်ငံတိုင်းက များစွာသတိထားပြီး ဂျပန် စစ်ရေးဝါဒပုံစံသစ်” ရဲ့ ဆင်ခြင်မဲ့လုပ်ရပ်ကို အခိုင်အမာ တားဆီးရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外交部:日方在军事安全领域动作频频 戳穿了其“和平国家”的自我标榜
新华社北京4月28日电(记者万倩仪、吴梦桐)外交部发言人林剑28日答记者问时表示,从“专守防卫”到“长期战争”,日方近期在军事安全领域危险、冒进和试探、挑衅动作频频,戳穿了其“和平国家”的自我标榜。
当日例行记者会上,有记者问:日本首相高市早苗在会议上声称,修订“安保三文件”是左右国家命运的重要工作,要以俄乌及中东局势为教训,推进应对“新型作战方式”以及为“长期战争”做好准备,推进海上安保能力、网络安全和经济安全保障。请问发言人对此有何评论?
“近期高市政权大力发展军工产业,现在又公然宣称为‘长期战争’做准备。历史上日本曾挑起战争、侵略他国,现在又在渲染所谓‘紧张局势’,是不是要重蹈历史覆辙、在‘再军事化’道路上狂飙突进、再次成为东亚‘祸源’?”林剑说。
林剑表示,当年日本军国主义大肆侵略扩张,对中国及亚洲邻国犯下滔天罪行,日本人民也深受其害。正是基于日本的侵略历史,为防范日本军国主义死灰复燃,《开罗宣言》《波茨坦公告》和《日本投降书》等一系列具有充分国际法效力的文件明确规定,日本应完全解除武装,不得维持能使其重新武装的产业。日本宪法对本国军力、交战权、战争权也作出严格限制。
林剑表示,从“专守防卫”到“长期战争”,日方近期在军事安全领域危险、冒进和试探、挑衅动作频频,戳穿了其“和平国家”的自我标榜。很多有识之士表示,日方政要近期的一些言论更像是“战争动员”“战争叫嚣”,与当年日本军国主义分子如出一辙。
“今年是东京审判开庭80周年,在这样一个特殊的年份,日方不仅没有深刻反省侵略罪行,反而妄图再行军事扩张,国际社会对此绝不答应。殷鉴不远,不可不察。世界上一切爱好和平的国家必须高度警惕、坚决遏止日本‘新型军国主义’的妄动。”他说。(完)
图说:4月19日,人们在位于日本东京的国会议事堂周围参加抗议活动,呼吁守护和平宪法。新华社记者 贾浩成 摄