Connect with us

China

တရုတ်နိုင်ငံ၏ ဥပဒေပြုပုဂ္ဂိုလ်များက ဥပဒေမူကြမ်း ဆွေးနွေးသုံးသပ်မှုများနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြချက်များကို ကြားနာ

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိ တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ၁၄ ကြိမ်မြောက် NPC အမြဲတမ်းကော်မတီ ၆၆ ကြိမ်မြောက် သဘာပတိများကောင်စီ အစည်းအဝေးအား ကြီးမှူးကျင်းပနေပုံကို ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
လက်ရှိကျင်းပလျက်ရှိသော တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ အစည်းအဝေး၌ ဥပဒေမူကြမ်း အသီးသီးအား ဆွေးနွေးသုံးသပ်မှုများနှင့် စပ်လျဉ်းသော အစီရင်ခံတင်ပြချက်များကို ကြားနာသည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ သဘာပတိများကောင်စီ အစည်းအဝေးအား ဧပြီ ၂၉ ရက်၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးအား NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိက သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည်။
ယင်းအစည်းအဝေး၌ အကြီးတန်း ဥပဒေပြုပုဂ္ဂိုလ်များက အကျဉ်းထောင်ဥပဒေ မူကြမ်းပြင်ဆင်ချက်၊ လူမှုဖူလုံရေးဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပြင်ဆင်ထားသော ဥပဒေမူကြမ်းများအား ဆွေးနွေးသုံးသပ်ခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြချက်များကို ကြားနာခဲ့ကြသည်။
ထို့ပြင် ကိုယ်စားလှယ်များ၏ အရည်အချင်းစိစစ်ခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြချက်များ၊ အမှုထမ်းများနှင့် သက်ဆိုင်သော ဥပဒေမူကြမ်းများ၊ အခြားဥပ‌ဒေမူကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးသုံးသပ်မှုများကိုလည်း ကြားနာခဲ့ကြသည်။
ပြန်လည်ပြင်ဆင်ထားသော စာရွက်စာတမ်းများကို ဆွေးနွေးသုံးသပ်ရေးအတွက် လက်ရှိကျင်းပနေသော NPC အမြဲတမ်းကော်မတီ အစည်းအဝေးသို့ တင်သွင်းရန် ထိုအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Chinese legislators hear reports on bill deliberations
BEIJING, April 29 (Xinhua) — The Council of Chairpersons of the National People’s Congress (NPC) Standing Committee convened a meeting on Wednesday to hear reports on the deliberation of various bills during an ongoing session of China’s top legislature.
The meeting was presided over by Zhao Leji, chairman of the NPC Standing Committee.
The senior lawmakers heard reports on the deliberation of a draft revision to the Prison Law, a draft social assistance law, and the revised drafts.
They also heard reports regarding deputy qualifications and deliberations over personnel-related bills, among others.
The meeting decided to submit the revised documents to the ongoing NPC Standing Committee session for deliberation.
English Caption
Zhao Leji, chairman of the National People’s Congress (NPC) Standing Committee, presides over the 66th meeting of the Council of Chairpersons of the 14th NPC Standing Committee at the Great Hall of the People in Beijing, capital of China, April 29, 2026. (Xinhua/Liu Weibing)