International Organizations
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
မန်ချက်စတာဒါဘီတွင် ယူနိုက်တက်က မန်စီးတီးအား နောက်ကျဂိုးများဖြင့် အနိုင်ယူ၊ ချဲလ်ဆီးက အဆင့်-၁ နေရာမှ လီဗာပူးလ်နှင့် အမှတ်ကွာဟချက် ကျဥ်းမြောင်းလာ
ဒီဇင်ဘာ ၁၅ ရက် ညပိုင်းက ယှဥ်ပြိုင်ခဲ့သည့် မန်ချက်စတာဒါဘီပွဲစဥ်တွင် မန်ချက်စတာယူနိုက်တက်က မန်ချက်စတာစီးတီးအား နောက်ကျဂိုး နှစ်ဂိုးဖြင့် အနိုင်ယူခဲ့သဖြင့် ပက်ပ်ဂွါဒီယိုလာ၏ အသင်းအတွက် ဘေးကျပ်နံကျပ် အခြေအနေ ဖြစ်လာခဲ့သည်။
ပွဲချိန် ၃၆ မိနစ်တွင် ဂျော့စကို ဂျီဗာဒီယိုးလ်က ခေါင်းတိုက်၍ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် စီးတီးက ပွဲကို အလုံးစုံထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း မက်သီးယက်စ် နူနက်စ်က ယူနိုက်တက် တောင်ပံကစားသမား အာမက်ဒီယာလိုအား ဖျက်ထုတ်ပုံ ကြမ်းတမ်းသည့်အတွက် ပွဲချိန် ၈၈ မိနစ်တွင် ယူနိုက်တက်တို့ ပင်နယ်တီရရှိခဲ့ရာ ဘရူနို ဖာနန်ဒက်စ်က အပိုင်ကန်သွင်း၍ ချေပဂိုးရယူပေးခဲ့သည်။
ထို့နောက် ၂ မိနစ်အတွင်းမှာပင် ဒီယာလိုက မန်စီးတီးဂိုးသမား အီဒါဆန်အား ကျော်ဖြတ်၍ ထောင့်ကျဥ်းအနေအထားမှ အကောင်းဆုံးကန်သွင်းယူကာ ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် ယူနိုက်တက်က အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ချဲလ်ဆီးအသင်းကလည်း ဘရန့်ဖို့ဒ်အသင်းအား အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ယူကာ အဆင့်-၁ နေရာနှင့် နှစ်မှတ်အကွာသို့ ရောက်ရှိလာခဲ့သည်။
ပထမပိုင်းမပြီးဆုံးမီ ၂ မိနစ်အလိုတွင် ချဲလ်ဆီးနောက်ခံလူ မာ့ခ် ကူကူရယ်လာက ခေါင်းတိုက်၍ အဖွင့်ဂိုးသွင်းယူခဲ့သလို ပွဲချိန် မိနစ် ၈၀ တွင်လည်း နစ်ကိုးလပ်စ် ဂျက်ခ်ဆန်က အန်ဇို ဖာနန်ဒက်ဇ်၏ ပေးပို့မှုမှတစ်ဆင့် အနိုင်သေချာစေမည့်ဂိုးအား သွင်းယူခဲ့သည်။ ပွဲချိန် မိနစ် ၉၀ တွင် ဘရန့်ဖို့ဒ်အသင်းမှ ဘရိုင်ယန် အမ်ဘူမိုက ချေပဂိုးတစ်ဂိုး သွင်းယူခဲ့ကာ နာကျင်အချိန်ပိုတွင် ချဲလ်ဆီးကစားသမား ကူကူရယ်လာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
…..
— လာလီဂါတွင် လီဂါနက်စ်က ဘာစီလိုနာအား အနိုင်ရရှိ၊ အက်သလက်တီကိုက ဘာစီလိုနာနှင့် ရမှတ်တူဖြစ်လာ
ဒီဇင်ဘာ ၁၅ ရက် ညပိုင်းက ယှဥ်ပြိုင်ခဲ့သည့် စပိန်လာလီဂါပွဲစဥ်တွင် ဘာစီလိုနာအသင်းက ယမန်နှစ်ရာသီ၌ လာလီဂါသို့ တန်းတက်လာသည့် လီဂါနက်စ်အသင်းအား အိမ်ကွင်း၌ ၀-၁ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည်။ ပွဲချိန် ၄ မိနစ်တွင် လူကပ်ခံရခြင်းမရှိသည့် ဆာဂျီယို ဂွန်ဇာလက်က ထောင့်ကန်ဘောမှတစ်ဆင့် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်၍ လီဂါနက်စ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သည်။
အခြားပွဲစဥ်တစ်ပွဲတွင် အက်သလက်တီကိုမက်ဒရစ်က ဂီတာဖေးအား အိမ်ကွင်း၌ ခက်ခက်ခဲခဲ အနိုင်ယူနိုင်ခဲ့သဖြင့် ရီးရဲလ်မက်ဒရစ်အား ကျော်တက်ကာ အမှတ်ပေးဇယား ဒုတိယနေရာသို့ တက်လာနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းနှင့်လည်း အမှတ်တူအနေအထားသို့ ရောက်ရှိလာခဲ့သည်။ အက်သလက်တီကို ကစားသမား အလက်ဇန်းဒါး ဆော်လော့၏ အမြင့်ခုန်ခေါင်းတိုက်ချက်အား ဂီတာဖေးဂိုးသမား ဒေးဗစ်ဆိုရီယာ မည်သို့မျှ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးအဖြစ်ခွင့်ပြုခဲ့ရသည်။
…..
— World Aquatics Swimming Championships ရေကူးပြိုင်ပွဲ ပတ်လမ်းတိုပြိုင်ပွဲတွင် တရုတ်ရေကူးအားကစားသမားများက ဆုတံဆိပ်များ ဆွတ်ခူး
ဒီဇင်ဘာ ၁၅ ရက်က ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ ကျင်းပခဲ့သည့် World Aquatics Swimming Championships (၂၅ မီတာ) ရေကူးပြိုင်ပွဲ နောက်ဆုံးနေ့တွင် တရုတ်ရေကူးအားကစားသမားများက အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး ဆုတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)
………………………
(English Version)
Man Utd stuns City in derby as Chelsea closes gap on Liverpool in Premier League
Manchester United stunned Manchester City with two late goals to claim the Manchester derby and deepen the crisis in Pep Guardiola’s side on Sunday evening.
City looked to be in complete control after Josko Gvardiol headed them ahead in the 36th minute, but a moment of madness from Matheus Nunes, who brought down Amad Diallo after a poor back-pass, allowed Bruno Fernandes to equalize from the penalty spot in the 88th minute.
Just under two minutes later, Diallo scored the winner for United when he got onto a ball over the top, prodded it past Ederson, and finished from a tight angle to make it 2-1 and send the visiting supporters wild.
Chelsea moved to within two points of the top of the table after a 2-1 win at home to Brentford.
Marc Cucurella scored a rare header to put Chelsea in front two minutes before halftime.
It looked as if Nicolas Jackson’s finish from Enzo Fernandez’s pass on the break 10 minutes from time would seal the win, but Brian Mbeumo’s shot in the 90th minute ensured a tense end to the match, which saw Cucurella sent off for two yellow cards in injury time.
…..
Leganes stuns Barca, Real Madrid held and Atletico goes level at top in La Liga
Leganes produced the shock of the season on Sunday night when the side that won promotion to La Liga last season won 1-0 away to FC Barcelona. Sergio Gonzalez headed in the only goal of the game in the fourth minute after he was left completely unmarked after a corner.
Atletico Madrid moved into second place above Real Madrid after a hard-fought win at home to Getafe, which was decided by Alexander Sorloth’s towering header that gave Getafe goalkeeper David Soria no chance of making a save.
…..
Chinese swimmers finish strong on last day of short course swimming worlds
Chinese swimmers finished strong on the last day of the World Aquatics Swimming Championships (25m), earning top spots here on Sunday.