Connect with us

Myanmar

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံအရှေ့ပိုင်းရှိ ဘိန်းခင်း ဧက ၉၆၀ ဖျက်ဆီး

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဖမ်းမိထားသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ရှိ ဘိန်းခင်း ဧက ၉၆၀ ကို ဖျက်ဆီးခဲ့ကြောင်း ဒီဇင်ဘာ ၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။
ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့က လွိုင်လင်မြို့နယ်နှင့် ပင်လုံမြို့ အနောက်ဘက်ရှိ ဘိန်းခင်းများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းအရ သိရသည်။
တောင်ကုန်း၊ တောင်စောင်းများတွင် စိုက်ပျိုးထားသော အဆိုပါ ဘိန်းခင်းများကို ယခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၁၅ ရက်အထိ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)

……………………………………..
(English Version)
Myanmar police destroy 960 acres of opium in eastern Myanmar
YANGON, Dec. 18 (Xinhua) — Myanmar police have destroyed 960 acres of opium fields in eastern Myanmar’s Shan state, the state-run daily Myanma Alinn reported on Wednesday.
Police in Loilem district of Shan state destroyed the opium fields located in Loilem township and the west of Panglong town in Shan state, the report said.
The opium fields, which were grown in hilly areas and on mountain slopes, were eradicated between Dec. 7 and Dec. 15 this year, the report added.
Photo: Seized drugs are burnt in Yangon, Myanmar, June 26, 2023. (Photo by Myo Kyaw Soe/ Xinhua)