Connect with us

North America

ဘိုင်ဒန်က ကန်ဒေါ်လာ ဘီလီယံ ၉၀၀ နီးပါးရှိသော ကာကွယ်ရေး ခွင့်ပြုချက် ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမေရိကန် သမ္မတ ဘိုင်ဒန်အား မေလ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က ၂၀၂၅ ဘဏ္ဍာနှစ် ကာကွယ်ရေး ခွင့်ပြုချက် ဥပဒေမူကြမ်းကို ဒီဇင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေထိုးခဲ့ပြီး အမေရိကန်နိုင်ငံ၏ စစ်အသုံးစရိတ်ကို ကန်ဒေါ်လာ ဘီလီယံ ၈၉၅ နီးပါးအထိ တိုးမြှင့်ခဲ့ရာ လွန်ခဲ့သောဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

၂၀၂၅ ဘဏ္ဍာနှစ် ကာကွယ်ရေး ခွင့်ပြုချက် ဥပဒေမူကြမ်းက လက်ရှိတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များ၏ လစာကို တိုးမြှင့်မည် ဖြစ်ပြီး အာရှ-ပစိဖိတ်ရှိ စစ်အသုံးစရိတ်ကို တိုးပေးမည် ဖြစ်ကြောင်း၊ အမေရိကန်စစ်တပ်နှင့် အစ္စရေးစစ်တပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုစသည်တို့ကို တိုးချဲ့လုပ်ဆောင်ရန် ခွင့်ပြုထားကြောင်း သိရသည်။

ခိုကိုးရာမဲ့၊ မဝရေစာသာ စားနေရသော ကလေးငယ်များနှင့် အနွေးဓာတ်ရရန် အဖိုးအခ မတတ်နိုင်သည့် အသက်ကြီးရွယ်အိုများ အရေအတွက် ၅၀၀,၀၀၀ နီးပါးရောက်ရှိလာသည့်အခြေအနေတွင် အမေရိကန်အနေဖြင့် ကန်ဒေါ်လာ တစ်ထရီလီယံနီးပါး ရှိသော ကာကွယ်ရေး အသုံးစရိတ် မလိုအပ်ကြောင်း အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ အမေရိကန် အထက်လွှတ်တော်အမတ် Bernie Sanders က ပြောကြားခဲ့သည်။ အမေရိကန်၏ ကာကွယ်ရေးစနစ်သည် နိုင်ငံတော်၏ လိုအပ်ချက်အရ ဝန်ဆောင်မှုပေးခြင်း မဟုတ်တော့ဘဲ အနည်းငယ်သော အကြီးစား ကာကွယ်ရေးကန်ထရိုက်တာများ အမြတ်စွန်းထုတ်သည့် ကိရိယာဖြစ်လာကြောင်း Sanders က ယူဆသည်။

အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ၂ ရပ်လုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လာမည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ခွင့်ပြုချက် ဥပဒေမူကြမ်းကို နှစ်စဉ် အတည်ပြုရာ အဆိုပါမူကြမ်းသည် သမ္မတမှ လက်မှတ်ရေးထိုး၍ ဥပဒေပြုခြင်းဖြစ်ပြီး အမေရိကန် နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်ဘတ်ဂျက်နှင့် ကာကွယ်ရေးမူဝါဒအတွက် လမ်းညွှန်မှုဖြစ်သည်။ (Xinhua)
………………………….
(Chinese Version)
拜登签署近9000亿美元国防授权法案
新华社华盛顿12月23日电(记者邓仙来)美国总统拜登23日签署2025财年国防授权法案,将美国军费支出提升至约8950亿美元,较上一财年增长1%。
2025财年国防授权法案将提升现役军人工资,增加在亚太的军事支出,并授权美军与以色列军队拓展联合军事演习等。
针对这一法案,美国国会参议员伯尼·桑德斯说,在无家可归者、食不果腹的儿童以及付不起取暖费的老年人数量达到约50万的情况下,美国不需要近万亿美元的国防经费。桑德斯认为,美国的国防体系已成为少数大型国防承包商牟利的工具,而不是服务于国家需要。
美国国会参众两院每年依据宪法通过下一财年国防授权法案,该法案由总统签署成为法律,是美国防务年度开支预算和国防政策的指导性文件。(完)
图说:这是5月14日在美国首都华盛顿拍摄的美国总统拜登。新华社发(亚伦摄)