Asia
တောင်ကိုရီးယားနိုင်ငံ မူအန်လေဆိပ်တွင် ပျက်ကျခဲ့သော ခရီးသည်တင်လေယာဉ်အတွင်း ငှက်မွေးများတွေ့ရှိ
ဆိုးလ်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
မူအန်လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် ခရီးသည်တင်လေယာဉ် အင်ဂျင်အတွင်းပိုင်း၌ ငှက်မွေးအချို့တွေ့ရှိခဲ့ရာ လေယာဉ်မှာမပျက်ကျမီ ပျံသန်းနေသည့်ငှက်များနှင့် ဝင်တိုက်ခဲ့သည်မှာ သေချာကြောင်း တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက်တွင် အတည်ပြုခဲ့သည်ဟု Yonhap သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စုံစမ်းစစ်ဆေးရေးဝန်ထမ်းများ ခရီးသည်တင်လေယာဉ်၏ အင်ဂျင်အားစစ်ဆေးရာတွင် ငှက်မွေးတစ်ပိုင်းတစ်စတွေ့ရှိခဲ့ရာ ထိုငှက်မွေးမှာ မည်သည့်ငှက်အမျိုးအစားဖြစ်ကြောင်းနှင့် ငှက်မွေးများ အင်ဂျင်အတွင်း ဝင်သွားသည့် အကြောင်းရင်းကို အသေးစိတ် စစ်ဆေးလျက်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ လေကြောင်းနှင့် မီးရထား မတော်တဆမှု စုံစမ်းစစ်ဆေးရေး ကော်မတီ၏ မတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံက အဆိုပါနေ့ သတင်းစာရှင်လင်းပွဲတွင် ပြောကြားခဲ့သည်။
လေယာဉ်၏ တစ်ဖက် အင်ဂျင်ပျက်စီးမှု အခြေအနေမှာ ပို၍ သိသာကြောင်း အဆိုပါ တာဝန်ခံက ပြောကြားခဲ့သည်။ သို့သော် လေယာဉ် နှစ်ဖက်လုံးရှိ အင်ဂျင်သည် တစ်ချိန်တည်း ချို့ယွင်းမှုဖြစ်ခဲ့ခြင်း ဟုတ်/မဟုတ်၊ အခြားတစ်ဖက်၏ အင်ဂျင်ပျက်စီးမှုမှာ ပို၍နည်းပါးခြင်း ဟုတ်/မဟုတ်စသည်တို့မှာ တစ်ဆင့်တိုး စုံစမ်းစစ်ဆေးရန် လိုအပ်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပျံသန်းနေသည့်ငှက်များ၏ ဝင်တိုက်မှုကိုခံရစေကာမူ အင်ဂျင်မှာ ချက်ချင်းစက်ရပ်တန့်သွားမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် အမေရိကန်နိုင်ငံ ပို့ဆောင်ရေးဘေးကင်းမှု ကော်မတီနှင့် အင်ဂျင်အတွင်း တွေ့ရှိခဲ့သည့် ငှက်မွေးများကို အတူ ခွဲခြမ်းစိတ်ဖြာလေ့လာရန် စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ပြည်တွင်းလေဆိပ် အဆောက်အအုံများအတွက် အလုံးစုံ ကောင်းမွန်ရေးအစီအစဥ်ကို ရေးဆွဲထားပြီး ယင်းကို နောင်တွင် လုံခြုံရေး စစ်ဆေးခြင်းနှင့် တန်ပြန်ရေး အစီအမံများ ချမှတ်ခြင်းတွင် ထင်ဟပ်စေမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မူအန်လေဆိပ်ရှိ လေယာဉ်ဆင်းသက်မှု ဘေးကင်းရေးတည်နေရာပြ ကွန်ကရစ်အဆောက်အအုံသည် သတ်မှတ်စည်းမျဥ်းစည်းကမ်း ချိုးဖောက်ခြင်းဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဥပဒေ ရှုထောင့်မှ ကြည့်လျှင် ပြဿနာမရှိကြောင်း အခိုင်အမာ ယူဆပေသည်။ (Xinhua)
………………………………
(Chinese Version)
韩国务安空难客机发动机内发现羽毛
新华社首尔1月7日电(记者冯亚松)据韩联社7日报道,韩国国土交通部当天确认,务安坠机事故客机发动机内发现部分羽毛,证实客机坠落前曾遭飞鸟撞击。
မူအန်လေယာဉ်ပျက်ကျမှု၏ ခရီးသည်တင်လေယာဉ် အင်ဂျင်အတွင်းပိုင်း၌ ငှက်မွှေးတစိတ်တပိုင်း တွေ့ရှိခဲ့ရာ လေယာဉ်မပျက်ကျမီ ပျံသန်းငှက်များဝင်တိုက်ခဲ့သည်မှာ သေချာကြောင်း တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက်တွင် အတည်ပြုခဲ့သည်ဟု Yonhap သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
国土交通部下属航空铁路事故调查委员会事故调查团负责人当天在新闻发布会上表示,调查人员在检查客机发动机时发现部分羽毛,正对羽毛所属鸟类品种和羽毛进入发动机原因进行详细调查。
这名负责人说,飞机一侧发动机受损情况较为明显。而两侧发动机是否同时发生故障、另一侧发动机是否受损较轻,还需进一步调查。他说,即使遭飞鸟严重撞击,也不意味着发动机会立即熄火。
ပျံသန်းငှက်များ၏ ဝင်တိုက်မှုကိုခံရလျှင်ပင် အင်ဂျင်မှာ ချက်ချင်းစက်ရပ်တန့်သွားမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
他表示,国土交通部计划与美国国家运输安全委员会共同分析发动机内发现的羽毛。
此外,国土交通部表示,计划制定对国内机场设施的整体改善方案,并反映在今后的安全检查和对策制定上。
对于务安机场混凝土方位角设施(航向信标台)涉及违反规定的争议,国土交通部坚持认为从法律角度来看没有问题。(完)
图说:2024年12月30日,调查人员在韩国务安飞机失事现场工作。新华社发(全休相摄)