Connect with us

Myanmar

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ချောက်မြို့၌ စွယ်တော်မြတ်စေတီပုံစံတူ တည်ထားကိုးကွယ်မည် (၁၁/၁/၂၀၂၅ MOI)
-နေပြည်တော် – သာစည် – သဲတော ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး (၁၁/၁/၂၀၂၅ MOI)
-တုရင်တောင်ကြိုးပြင်ကာကွယ်တောသတ်မှတ် (၁၁/၁/၂၀၂၅ MOI)
-ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) စာတမ်းဖတ်ပွဲများ ဆက်လက်ကျင်းပ (၁၁/၁/၂၀၂၅ MOI)
-မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား အဆိုပါရုံးမှ ရုံးဝန်ထမ်း ၂ ဦး၊ ညစောင့် ၁ ဦးနှင့် သော့ဖျက်ပေးသူ အမျိုးသား ၁ ဦးတို့က ပူးပေါင်းစီစဉ် ရယူခဲ့ကြပြီး ဧည့်စာရင်းလာစစ်သည့်အဖွဲ့များမှ တံခါးဖျက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း လီဆယ်သတင်းပို့ခဲ့သည့် ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီးရမိ (၁၀/၁/၂၀၂၅ MOI)
-မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း (၅၈၆၁)ဧကရှိသော နယ်မြေကို “တောင်ပင်လယ်ဆည်ကြိုးပြင်ကာကွယ်တော” အဖြစ်သတ်မှတ် (၁၁/၁/၂၀၂၅ MRTV)
-တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ (၁၁/၁/၂၀၂၅ MRTV)
-၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၉) ရက်နေ့တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၌ ကျင်းပမည်ဖြစ် (၁၀/၁/၂၀၂၅ MRTV)
-၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၉၉၃၆) ဦး စေလွှတ်နိုင်ခဲ့ (၁၁/၁/၂၀၂၅ MRTV)
-ဗဟန်းမြိုနယ်ရှိ Turquoise Mountain တွင် မသန်စွမ်းလက်မှုအနုပညာရှင်များ၏ ဈေးရောင်းပွဲတော် ကျင်းပမည် (၁၁/၁/၂၀၂၅ MRTV)
– ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကဏန်းပျော့ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ (၁၁/၁/၂၀၂၅ MRTV)
-ရန်ကုန်မြို့ Yangon Convention Center (YCC) တွင် Myanmar Power & Solar Energy Storage Lighting Expo 2025 ကျင်းပ (၁၀/၁/၂၀၂၅ MRTV)
-တိမ်မြုပ်ပျောက်ကွယ်နေသည့် တံခါးနီမြို့ရိုးကို ပြန်လည်ဖော်ထုတ် သုတေသနဆောင်ရွက် (၁၀/၁/၂၀၂၅ MRTV)
-မြန်မာနိုင်ငံ၏ အပြာရောင်စီးပွားရေးကို ထိရောက်စွာဖော်ထုတ် အသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေမည် (၁၁/၁/၂၀၂၅ MRTV)
-စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်ရေးနှင့်အသားငါး ကဏ္ဍဖွံ့ဖြိုးရေးကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိ (၁၁/၁/၂၀၂၅ MRTV)