Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်း သရေကျခဲ့သော်လည်း အမှတ်ပေးဇယားထိပ်ဆုံး၌ ၆ မှတ်ဖြတ်၍ ဦးဆောင်ထားဆဲဖြစ်
ဇန်နဝါရီ ၁၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းက နော့တင်ဟမ်ဖောရက်စ်အသင်းအား အဝေးကွင်း၌ ၁ ဂိုးစီ သရေကျခဲ့သော်လည်း အမှတ်ပေးဇယား၌ ၆ မှတ်ဖြတ်၍ ဦးဆောင်ထားဆဲဖြစ်သည်။
ပထမပိုင်းပွဲချိန် ၈ မိနစ်တွင် ဖောရက်စ်၏ လျင်မြန်သော တန်ပြန်တိုက်စစ်မှတစ်ဆင့် ယခုရာသီ၌ ခြေစွမ်းပြနေသည့် တိုက်စစ်မှူး ခရစ္စဝုဒ်က ဘယ်ခြေဖြင့်အဆုံးသတ်ကာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဖောရက်စ်က ခံစစ်အားပြုကာ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်အား ကစားအားကောင်းကောင်းဖြင့် စနစ်တကျ တုံ့ပြန်ကစားခဲ့သည်။
သို့သော် လီဗာပူးလ်နည်းပြ အာနယ်ဆလော့၏ လူစားလဲပုံ အလုပ်ဖြစ်ခဲ့သဖြင့် ပွဲချိန် ၆၆ မိနစ်တွင် ကော့စတက်စ် ဆီမီကက်စ်၏ ဖြတ်တင်ဘောမှတစ်ဆင့် ဒီယိုဂို ဂျိုတာက ချေပဂိုးသွင်းယူခဲ့ကာ ထိုကစားသမားနှစ်ဦး လူစားဝင်လာခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
လီဗာပူးလ်အသင်းက ပွဲချိန်နှောင်းပိုင်းတွင် ပွဲကိုစိုးမိုးထားသော်လည်း ဖောရက်စ်က သရေရလဒ်ကို ထိန်းထားနိုင်ခဲ့သည့်အတွက် အမှတ်ပေးဇယား၌ အာဆင်နယ်ကို ‌ကျော်တက်၍ ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
…..
— နည်းပြအဖြစ် ပြန်လာမည်ဟူသော သတင်းများကို ယာဂင်ကလော့ပ် ငြင်းပယ်
လီဗာပူးလ်အသင်း၌ ၉ နှစ်ကြာ အောင်မြင်မှု ရရှိခဲ့ပြီးနောက် အသင်းမှ ထွက်ခွာခဲ့သည့် အသက် ၅၇ နှစ်အရွယ် ယာဂင်ကလော့ပ်က နည်းပြအဖြစ် ပြန်လာမည်ဟူသော သတင်းများကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။ ကလော့ပ်အနေဖြင့် လက်ရှိတွင် Red Bull အားဖြည့်အချိုရည် ကုမ္ပဏီ၏ Head of Global Soccer (ကမ္ဘာ့ဘောလုံးအားကစားဆိုင်ရာ အကြီးအကဲ) အဖြစ် ၎င်း၏ဘဝသစ်အတွက် အကောင်းဆုံးပြင်ဆင်လျက်ရှိသည်။
“ကျွန်တော် Red Bull ကလပ်အသင်းတစ်သင်းရဲ့ နည်းပြဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ခင်ဗျားတို့ကို ပြောပြနိုင်ပါတယ်” ဟု ကုမ္ပဏီနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ဩစတြီးယားနိုင်ငံ ဆဲလ်ဘတ်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။ ကလော့ပ်မှာ ၂၀၁၉ ခုနှစ်၌ လီဗာပူးလ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့သူဖြစ်သည်။
“ကျွန်တော်တို့ဆီမှာ အကောင်းဆုံးနည်းပြတစ်ယောက် ရှိပါတယ်။ ဂျူလီယန် နာဂယ်စ်မန်းဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက နည်းပြအားလုံးထဲမှာ အကြီးမားဆုံးသက်ရောက်မှု ရှိခဲ့သူပါ” ဟုလည်း ကလော့ပ်က ပြောကြားခဲ့ပြီး ဂျာမနီလက်ရွေးစင်နည်းပြ ဖြစ်လာရန် စိတ်ကူးထားခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။
…..
— ဆီဗီလာနောက်ခံလူ ဆာလက်စ် လောင်းကစားအရှုပ်တော်ပုံကြောင့် ဖမ်းဆီးခံရ
ဆီဗီလာအသင်း နောက်ခံလူ ကီကေး ဆာလက်စ်မှာ လိမ်လည်မှု ကျူးလွန်ခဲ့သည်ဟု သံသယရှိခံရသဖြင့် ဇန်နဝါရီ ၁၄ ရက်၌ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး မိုရွန် ဒယ်လာ ဖရွန်တယ်ရာမြို့ တရားရုံး၌ အစစ်ဆေးခံခဲ့ရကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် ဆာလက်စ်မှာ ၎င်း၏မိသားစုဝင်နှင့် အသိအကျွမ်းများဟု ယူဆရသည့် အခြားပုဂ္ဂိုလ်အချို့နှင့်အတူ တရားမဝင် လောင်းကစားမှုအတွက် အဝါကတ်များ ပြသအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့မှုဖြင့် ဖမ်းဆီးခံထားရသည်။
…..
— တရုတ်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက်ရှိကြောင်း ကွင်းလယ်လူ ဝေရှီးဟောင် ပြောကြား
တရုတ်ဘောလုံးအသင်းအနေဖြင့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး ရှိနေသေးသည်ဟု ယုံကြည်ကြောင်း ကွင်းလယ်လူ ဝေရှီးဟောင်က ပြောကြားခဲ့သည်။
တရုတ်အသင်းအနေဖြင့် ခက်ခဲသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်တစ်နေရာ ရရှိနိုင်ရန် အတန်သင့် အခွင့်အရေးရှိနေသေးကြောင်း ဝေက ဆိုသည်။ “အသင်းအနေနဲ့ ကျွန်တော်တို့မှာ အခွင့်အရေးရှိတယ်ဆိုတာ ယုံကြည်သလို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ အရောက်လှမ်းနိုင်ဖို့လည်း အားလုံးက မျှော်လင့်ထားပါတယ်။ ကျွန်တော့်အနေနဲ့လည်း တကယ့်ကိုယုံကြည်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
လတ်တလောတွင် တရုတ်အသင်းအနေဖြင့် လာမည့်ခြေစစ်ပွဲစဉ်များအတွက် လေ့ကျင့်ပြင်ဆင်ရန် ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။ (Xinhua)

 

…………………..
(English Version)
Liverpool maintains lead in Premier after draw as Potter works West Ham magic
Liverpool maintained their six-point lead in the Premier League after a 1-1 draw away to Nottingham Forest on Tuesday night.
Forest striker Chris Wood continued his excellent season with a left-foot finish to put his side ahead in the eighth minute after a swift counterattack, and his team was content to sit deep and defend with energy and order against the league leaders.
Liverpool drew level in the 66th minute when coach Arne Slot’s substitutions paid off, as Kostas Tsimikas crossed for Diogo Jota to score just a minute after both players had entered the match.
Liverpool dominated the closing minutes, but Forest held on to move above Arsenal into second place.
…..
Jurgen Klopp rules out return as coach while Red Bull’s “Head of Global Soccer”
Seven months after he resigned from Liverpool, following nine successful years, the 57-year-old seemed perfectly prepared for his new life as “Head of Global Soccer” for the energy drink manufacturer.
“I can tell you, I am not going to be a coach for a Red Bull club,” the 2019 UEFA Champions League winner said at his kick-off press conference in Salzburg, Austria, after having signed a five-year contract.
Klopp excluded thinking about becoming German national coach “as we have one of the best. Julian Nagelsmann had the biggest impact of all coaches over the past years.”
…..
Sevilla defender Salas detained in betting scandal
Sevilla defender Kike Salas was detained by the police on Tuesday and appeared in court in the town of Moron de la Frontera on suspicion of fraud.
The 22-year-old is suspected of deliberately provoking yellow cards for illegal betting, with several other people, thought to be from his inner circle of family and acquaintances, also detained.
…..
China hopeful of qualifying for World Cup finals, says midfielder Wei
Midfielder Wei Shihao expressed confidence that China can still qualify for the 2026 FIFA World Cup finals.
Despite facing an uphill campaign, China still stands a fair chance of securing a spot in the World Cup finals, said Wei. “The team is confident of our chances, believing that we have every hope of reaching the finals. I am very confident as well.”
The Chinese team is holding a training camp in Haikou, south China’s Hainan Province, to prepare for the upcoming qualifiers.