Media
ပူတင်-ထရမ့် ဆွေးနွေးပွဲအတွက် အမေရိကန်နိုင်ငံဘက်က ယခုအချိန်အထိ စီစဉ်ထားခြင်း မရှိသေးဟု ကရင်မလင်နန်းတော် ပြောကြား
ရုရှား သမ္မတ ဗလာတီမာပူတင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အကြား ဖြစ်နိုင်ခြေရှိသော ဆက်သွယ်ဆွေးနွေးမှုအတွက် အမေရိကန် အစိုးရဘက်က အရိပ်အယောင်ပြသခြင်း မရှိသေးဟု ကရင်မလင်နန်းတော် ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်က ဇန်နဝါရီ ၂၇ ရက်၌ ပြောကြားခဲ့သည်။
“အခုအချိန်အထိတော့ အမေရိကန်ဘက်က အရိပ်အယောင်ပြတာမျိုး မရှိသေးပါဘူး” ဟုလည်း ပက်စကော့ဗ်က ဆိုသည်။
ရုရှားအနေဖြင့် ထိုကဲ့သို့ ဆွေးနွေးမှုများအတွက် အသင့်ရှိနေဆဲဖြစ်ကြောင်း၊ အမေရိကန်ဘက်ကလည်း ဖြစ်နိုင်ခြေရှိသော ဆွေးနွေးညှိနှိုင်းမှုများအတွက် အသင့်ရှိနေကြောင်း ၎င်းက အတည်ပြုခဲ့သည်။ ဆက်လက်၍ ယင်းအတွက် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်နေပုံရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0MQ
……………………………………………………………………..
(English Version)
No Putin-Trump talks planned by U.S. side so far: Kremlin
There has been no indication from Washington on potential contact between Russian President Vladimir Putin and U.S. President Donald Trump, Kremlin Spokesman Dmitry Peskov said on Monday.
“So far, we have not received any signals from the Americans,” Peskov said.
He confirmed that Russia remains ready for such talks, adding that the United States is also prepared for potential negotiations. At the same time, Peskov said that it seems “a certain amount of time is needed.” xhtxs.cn/0MQ