Videos
တရုတ်-လာအို ရထားလမ်း ယခုနှစ်အတွင်း ဒူးရင်းသီး တန်ချိန် ၅၀,၀၀၀ ကျော် တင်သွင်း
ယူနန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၂၆ ရက်အထိ တရုတ်-လာအို ရထားလမ်းသည် စုစုပေါင်း ဒူးရင်းသီးတန်ချိန် ၅၀,၃၀၀ သယ်ယူတင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉၄.၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။
ယခုနှစ်မှစ၍ အရှေ့တောင်အာရှနိုင်ငံများမှ ဒူးရင်းသီး၊ ငှက်ပျောသီး စသည့် အထူးလယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့မှု ဝယ်လိုအားမှာ စဉ်ဆက်မပြတ် အားကောင်းနေဆဲဖြစ်သည်။ အဓိကအချက်အချာနေရာဖြစ်သော မိုဟန်းရထားလမ်းနယ်စပ်ဂိတ်သည် လာအိုဘက် နယ်စပ်ဂိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်း၊ လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စေခြင်းတို့ဖြင့် နယ်စပ်ဖြတ်ကျော်ထောက်ပံ့ပို့ဆောင်ရေး ချောမွေ့မှုအား သေချာစေခဲ့သည်။သစ်သီးဝလံများလတ်ဆတ်မှုကို သေချာစေရန် တရုတ်နိုင်ငံ ရထားလမ်းဌာနသည် အကောက်ခွန်ဌာနနှင့် ပူးပေါင်း၍ “လတ်ဆတ်သည့်ကုန်စိမ်းများအတွက် အစိမ်းရောင်လမ်းကြောင်း” ဖွင့်လှစ်ပေးခဲ့ပြီး ဂိတ်အတွင်းသို့ ဦးစားပေးဝင်ရောက်ခြင်း၊ ဦးစားပေးစစ်ဆေးခြင်းနှင့် ဦးစားပေးဓာတ်ခွဲစစ်ဆေးခြင်းတို့ လုပ်ဆောင်ပေးခဲ့ရာ နယ်စပ်ဂိတ်တွင် ကြန့်ကြာသည့်အချိန်ကို သိသိသာသာ လျှော့ချနိုင်ခဲ့သည်။တရုတ်-လာအို ရထားလမ်း ကုန်စည်ပို့ဆောင်မှု အရည်အသွေးနှင့် ပမာဏမြှင့်တင်ခြင်းက ထောက်ပံ့ပို့ဆောင်ရေးထိရောက်မှုကို ဖော်ဆောင်ပေးခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး တက်ကြွမှုကို အားကောင်းစွာ လှုံ့ဆော်ပေးကာ ဒေသတွင်း စီးပွားရေးအား အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာအားကောင်းသော အရှိန်အဟုန်ကို ဖြည့်တင်းပေးခဲ့သည်။ (Xinhua)
