Connect with us

China

တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် နွေဦးပွဲတော် ရုပ်ရှင်ရုံလက်မှတ်ရောင်းအား စံချိန်တင်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ရုပ်ရှင်ရုံတွင် ကိုယ်တိုင်လက်မှတ်ဝယ်ယူသည့်စက်မှ လက်မှတ်များ ဝယ်ယူနေသူတစ်ဦးကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းသည် ၂၀၂၅ ခုနှစ် နွေဦးပွဲတော်အားလပ်ရက်ကာလအတွင်း ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ရုပ်ရှင်လက်မှတ်ရောင်းချမှုမှ ဝင်ငွေ ယွမ် ၅.၇၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၀၂ သန်းခန့်) စံချိန်တင်ရရှိခဲ့ရာ သမိုင်းမှတ်တိုင်သစ်ထူနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်က ရှိခဲ့သည့် ယခင်မြင့်မားခဲ့သောစံချိန် ယွမ် ၅.၇၃ ဘီလီယံကို ကျော်လွန်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂ ရက်အထိ အားလပ်ရက်ကာလမှ ရုပ်ရှင်ရုံလက်မှတ်ရောင်းချမှုဝင်ငွေမှာ ယွမ် ၇ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ နာမည်ကျော် ပြည်တွင်းထုတ်လုပ်ရေးများက အဓိကလုပ်ဆောင်သော တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်အားလပ်ရက် ပထမ ၆ ရက်အတွင်း ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် နွေဦးပွဲတော်အားလပ်ရက်အတွင်း စံချိန်တင်ခဲ့သော ဝင်ငွေ ယွမ် ၈.၀၂ ဘီလီယံနီးပါးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စုစုပေါင်း ရုပ်ရှင်ရုံလက်မှတ်ရောင်းချမှုဝင်ငွေမှာ ယွမ် ၉ ဘီလီယံအထိ ရောက်ရှိခဲ့ရာ အဆိုပါ ကိန်းဂဏန်းမှာ ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်လက်မှတ်ရောင်းချမှုဝင်ငွေ၌ ကမ္ဘာ့ဦးဆောင်သူအဖြစ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ခိုင်မာစေခဲ့သည်။ (Xinhua)
…………………..
(English Version)
China’s 2025 Spring Festival box office breaks records
BEIJING, Feb. 2 (Xinhua) — China’s film industry set a new milestone during the 2025 Spring Festival holiday, with box office revenue from Jan. 29 to Feb. 1 reaching a record 5.75 billion yuan (about 802 million U.S. dollars), surpassing the previous high of 5.73 billion yuan set in 2021.
As of Feb. 2, box office revenue from the holiday had reached 7 billion yuan. The reading for the first six days of the holiday, driven mainly by popular domestic productions, is already nearing the record box office of 8.02 billion yuan set during the 2024 Spring Festival holiday.
Bringing the total box office revenue since the beginning of 2025 to 9 billion yuan, the figure has solidified China’s position as a global leader in box office revenue for 2025.
Photo: A movie goer claims tickets from a self-service machine at a cinema in Beijing, capital of China, Aug. 22, 2024. (Xinhua/Chu Jiayin)