International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
![](https://xinhuamyanmar.com/wp-content/uploads/2025/02/1-4-scaled.jpg)
— လာလီဂါပွဲစဉ်- ၂၃ ၏ စိတ်ဝင်စားစရာအကောင်းဆုံး ပွဲစဉ်အဖြစ် မက်ဒရစ်ဒါဘီ ယှဉ်ပြိုင်ကစားမည်
လာလီဂါ အမှတ်ပေးဇယားဦးဆောင်သူ ရီးရဲလ်မက်ဒရစ်နှင့် ဒုတိယနေရာမှ အက်သလက်တီကို မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားမည့် မက်ဒရစ်ဒါဘီမှာ ယခုတစ်ပတ် စပိန်လာလီဂါပွဲစဉ်-၂၃ ၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်သည်။
ရီးရဲလ်မက်ဒရစ်က မြို့ခံပြိုင်ဘက် အက်သလက်တီကိုအား တစ်မှတ်အသာဖြင့်လည်းကောင်း၊ ဘာစီလိုနာအား လေးမှတ်အသာဖြင့်လည်းကောင်း ဦးဆောင်ထားလျက်ရှိသည်။ ဘာစီလိုနာကမူ ဖေဖော်ဝါရီ ၉ ရက် ညပိုင်းတွင် ဆီဗီလာနှင့် ခက်ခဲသော အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ကာလိုအန်ဆလော့တီ၏ ရီးရဲလ်အသင်းဘက်တွင် နောက်ခံလူများဖြစ်သည့် အန်တိုနီယို ရူဒီဂါ၊ ဒေးဗစ် အလာဘာနှင့် အီဒါ မီလီတိုတို့ ဒဏ်ရာရ ကစားသမားစာရင်းတွင် ပါဝင်နေသဖြင့် ခံစစ်ပိုင်းပြဿနာနှင့် ရင်ဆိုင်နေရသည်။ ထို့အတွက်ကြောင့် အန်ဆလော့တီ၏ ပွဲထွက်လူစာရင်းတွင် ထိပ်တန်းအဆင့် ဗဟိုနောက်ခံလူများ ပါဝင်နိုင်မည်မဟုတ်ဘဲ အော်ရယ်လီယန် ချူအာမီနီနှင့် ရာအူးလ် အဆန်စီယိုတို့ ယာယီ တွဲဖက်ကစားဖွယ်ရှိပြီး ဖာလန် မန်ဒီက ဘယ်အစွန်နောက်ခံလူ အဖြစ်လည်းကောင်း၊ လူးကက်စ် ဗက်ဇ်ကေး သို့မဟုတ် ဖီဒီ ဗယ်ဗာဒီက ညာအစွန်နောက်ခံလူ အဖြစ်လည်းကောင်း ပွဲထွက်လာဖွယ်ရှိသည်။
…..
— အီတလီစီးရီးအေ ပြန်ကန်ပွဲစဉ်တွင် အင်တာမီလန်က ဖီအိုရင်တီးနားအား ရှုံးနိမ့်ကာ ဒုတိယအကြိမ် ရှုံးပွဲကြုံတွေ့
ဖေဖော်ဝါရီ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီ စီးရီးအေ ပြန်ကန်ပွဲစဉ်တွင် အင်တာမီလန်က ဖီအိုရင်တီးနားအား အဝေးကွင်း၌ ၀-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုဘောလုံးရာသီတွင် ဒုတိယအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့သည်။
အဆိုပါ ပွဲစဉ်အား ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ယှဉ်ပြိုင်ကစားခဲ့သော်လည်း ပွဲချိန် ၁၇ မိနစ်တွင် ဖီအိုရင်တီးနား ကွင်းလယ်လူ အက်ဒိုအာဒို ဘိုဗီ ကွင်းအတွင်း လဲကျခဲ့သဖြင့် ပွဲကိုရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ရက်ပိုင်းအကြာတွင် ဆေးရုံမှပြန်ဆင်းနိုင်ခဲ့ကြောင်း သိရသည်။
ယခုရှုံးပွဲကြောင့် အင်တာမီလန်မှာ ရမှတ် ၅၁ မှတ် ရရှိထားပြီး နာပိုလီထက် ၃ မှတ်လျော့ အနေအထားဖြင့် ဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေကာ ဖီအိုရင်တီးနားကမူ ဂျူဗင်တပ်စ်နှင့် လာဇီယိုတို့ကို ကျော်တက်ကာ စတုတ္ထနေရာသို့ ရောက်ရှိလာခဲ့သည်။
…..
— လီဆန်ဒရို မာတီနက်ဇ် ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် မန်ချက်စတာယူနိုက်တက်အတွက် နောက်ထပ် ထိုးနှက်ချက်ဖြစ်လာ
ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်မှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ကာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ စတင်ချိန်မှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း မန်ချက်စတာယူနိုက်က ဖေဖော်ဝါရီ ၇ ရက်၌ အတည်ပြုကြေညာခဲ့သည်။
…..
— ဟားအယ်ပင်း အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ အဆောက်အအုံ အပြင်အဆင်များကို အာရှစကိတ်စီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ချီးကျူး
အာရှစကိတ်စီးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ချန်မြောင်ဟီက ၂၀၂၅ ခုနှစ် ဟားအယ်ပင်း အာရှဆောင်းရာသီ အားကစားပြိုင်ပွဲအတွက် အဆောက်အအုံ အပြင်အဆင်များကို ချီးကျူးပြောဆိုခဲ့ပြီး ယင်းတို့သည် ကမ္ဘာ့အကောင်းဆုံးထဲတွင် ပါဝင်သည်ဟု ဖေဖော်ဝါရီ ၆ ရက်က ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူး၌ ပြောကြားခဲ့သည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/14-scaled.jpg)
(250207) — HARBIN, Feb. 7, 2025 (Xinhua) — (from L to R) Alina Azhgaliyeva of Kazakhstan, Chua Amelia Rae-Lene of Singapore and Gong Li of China compete during the women’s 1500m quarterfinal match of the short track speed skating event at the 9th Asian Winter Games in Harbin, northeast China’s Heilongjiang Province, Feb. 7, 2025. (Xinhua/Zhang Tao)
……………………..
(English Version)
Madrid derby the highlight of La Liga matchday 23
The Madrid derby between La Liga leaders Real Madrid and second-placed Atletico Madrid takes center stage in the 23rd round of matches in Spain.
Real Madrid heads into the game one point ahead of their city rivals and four clear of FC Barcelona, who faces a tricky away match against Sevilla on Sunday night.
Carlo Ancelotti’s side is dealing with a defensive crisis, with Antonio Rudiger and David Alaba joining Eder Militao on the injury list. This leaves Ancelotti without any specialist central defenders in his first-team squad. Aurelien Tchouameni and Raul Asencio are likely to form a makeshift pairing, with Ferland Mendy at left-back and either Lucas Vazquez or Fede Valverde on the right.
…..
Fiorentina hands Inter second Serie A defeat in rescheduled fixture
Inter Milan suffered its second Serie A defeat of the season with a 3-0 setback away to Fiorentina in a rearranged match on Thursday.
The match was initially played last December, but was interrupted in the 17th minute when Fiorentina midfielder Edoardo Bove collapsed on the pitch. He was then sent to the hospital and discharged days later.
Following the defeat, Inter remains second with 51 points, three points behind Napoli, while Fiorentina leapfrogs Juventus and Lazio into fourth place.
…..
Another setback for Man Utd as Lisandro Martinez breaks knee ligament
Manchester United confirmed on Friday that central defender Lisandro Martinez has suffered an anterior cruciate ligament injury, which will rule him out for the rest of this season and probably the start of the 2025-26 campaign.
…..
Asian Skating Union president Chang hails Harbin Asian Winter Games facilities
Asian Skating Union President Chang Myong-hi praised the facilities for the upcoming 2025 Harbin Asian Winter Games, calling them among the best in the world during an exclusive interview with Xinhua on Thursday.