Connect with us

International Organizations

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

– -ရီးရဲလ်မက်ဒရစ်က မန်ချက်စတာစီးတီးကို ကျော်ဖြတ်ကာ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်
ဖေဖော်ဝါရီ ၁၉ ရက်က ဆန်တီယာဂို ဘာနေဗျူး၌ ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် မန်ချက်စတာစီးတီးအသင်း၏ ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က ကီလီယန် အမ်ဘာပေ၏ ဟက်ထရစ်သွင်းဂိုးနှင့်အတူ ၃-၁ ဂိုးဖြင့် အနိုင်ရရှိကာ ရှုံးထွက် ၁၆ သင်းအဆင့်သို့ အလွယ်တကူ တက်ရောက်နိုင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က မန်ချက်စတာတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအကျော့ ပွဲစဉ်တွင်လည်း ရီးရဲလ်က ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် နှစ်ကျော့ပေါင်း ၆-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပထမအကျော့တွင် နှစ်ဂိုးသွင်းယူခဲ့သည့် မန်စီးတီးအသင်း၏ နော်ဝေတိုက်စစ်မှူး အာလင် ဟာလန်းမှာ ဒူးဒဏ်ရာကြောင့် ယခုပွဲစဉ်တွင် အရန်ခုံ၌သာ ရှိနေခဲ့သည်။
ရီးရဲလ်နည်းပြ ကာလို အန်ဆယ်လော့တီအဖို့ ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် အန်တိုနီယို ရူဒီဂါအား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ရာ ရာအူးလ် အဆန်စီယိုအား ညာနောက်ခံလူနေရာ၌လည်းကောင်း၊ ဖက်ဒရီကို ဗယ်လ်ဗာဒီအား ကွင်းလယ်၌လည်းကောင်း ကစားစေခဲ့သည်။
ပွဲချိန် ၄ မိနစ်တွင် အဆန်စီယို၏ အဝေးဘောပေးပို့မှုအား ရူဘင် ဒီယက်စ် ရှင်းမထုတ်နိုင်ဘဲရှိနေစဉ် အမ်ဘာပေက မန်စီးတီးဂိုးသမား အီဒါဆန်ကို အသာအယာကျော်၍ ကန်သွင်းကာ အဖွင့်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၃၃ မိနစ်တွင် အမ်ဘာပေက ရိုဒရီဂို၏ ပေးပို့မှုအား အလိုက်သင့်ကန်သွင်းကာ ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။
ပွဲချိန် ၆၁ မိနစ်တွင် အမ်ဘာပေကပင် ညာြခမ်းမှ အတွင်းသို့ချိုးဝင်ကာ ဘယ်ခြေဖြင့်အဆုံးသတ်၍ ၎င်း၏ ဟက်ထရစ်သွင်းဂိုးကို ရယူနိုင်ခဲ့သည်။ ထို့နောက် ပွဲချိန် ၉၂ မိနစ်တွင် အိုမာ မာမွတ်ရှ်၏ ဖရီးကစ်ကန်ချက် တိုင်ထိထွက်လာစဉ် နစ်ကို ဂွန်ဇာလက်ဇ်က ထပ်ဆင့်ပိတ်သွင်း၍ မန်စီးတီးအတွက် နှစ်သိမ့်ဂိုးသွင်းယူခဲ့သည်။
…..
— ချန်ပီယံလိဂ်တွင် ပီအက်စ်ဗီက ဂျူဗင်တပ်စ်အား အချိန်ပို၌ အနိုင်ယူ
ဖေဖော်ဝါရီ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် play-off ပွဲစဉ်တွင် ပီအက်စ်ဗီက ဂျူဗင်တပ်စ်အား အချိန်ပို၌ ၃-၁ ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ယူ၍ ပထမအကျော့တွင် တစ်ဂိုးရှုံးနိမ့်ထားမှုကို ချေဖျက်ကာ နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
ပထမပိုင်းအတွင်း ဂိုးမရှိသရေကျခဲ့ပြီး နှစ်သင်းစလုံးမှာ အပိုင်အခွင့်အရေးများ ဖန်တီးနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ဒုတိယပိုင်းတွင်မူ နယ်သာလန်ပြည်တွင်းလိဂ်၏ လက်ရှိချန်ပီယံ ပီအက်စ်ဗီက စိုးမိုးထားခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်အနေဖြင့် ချေပဂိုးရရှိရန် နီးစပ်ခဲ့သော်လည်း လူစားဝင်ကစားသမား ဒူဆန် ဗလာဟိုဗစ်၏ကန်ချက် တိုင်ထိခဲ့ကာ ပီအက်စ်ဗီက အနိုင်ရလဒ်ကို ထိန်းကစား၍ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ဖီယင်နုက အေစီမီလန်အား နှစ်ကျော့‌ပေါင်း ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ပီအက်စ်ဗီကလည်း အနိုင်ရရှိခဲ့သဖြင့် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်သို့ နယ်သာလန်ကလပ်အသင်းနှစ်သင်း တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
…..
— မိမိအနာဂတ်မှာ ဘာစီလိုနာအသင်းထံ၌သာရှိကြောင်း လာမင်း ယမားလ် ပြောကြား
ဘာစီလိုနာအသင်း၏ နာမည်ကြီး ဆယ်ကျော်သက်ကစားသမား လာမင်း ယမားလ်က ၎င်း၏ ကစားသမားဘဝကို ဘာစီလိုနာအသင်း၌သာ ကုန်ဆုံးရုံမှတစ်ပါး အခြားအစီအစဉ်မရှိကြောင်း၊ လာမည့်ဘောလုံးရာသီ မစတင်မီ အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
အသက် ၁၇ နှစ်အရွယ် ယမားလ်အနေဖြင့် ဘာစီလိုနာနှင့် ချုပ်ဆိုထားသော လူငယ်ကစားသမားဘဝ စာချုပ်မှာ ၂၀၂၆ ခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ၎င်းအနေဖြင့် စာချုပ်သစ်ချုပ်ဆိုခြင်းမရှိပါက ကမ္ဘာပေါ်ရှိ အသင်းကြီးအားလုံးနီးပါး၏ မျက်စိကျစရာပစ်မှတ် ဖြစ်လာနိုင်သော်လည်း အဆိုပါ တောင်ပံကစားသမားကမူ ဘာစီလိုနာအသင်းအတွက်သာ စဉ်းစားထားသည်ဟု El Mundo Deportivo သတင်းစာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

— ဒူဘိုင်း တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကျိန့်ချင်းဝန် မထင်မှတ်ဘဲရှုံးနိမ့်
ဒူဘိုင်းမြို့တွင် ဖေဖော်ဝါရီ ၁၉ ရက်၌ ကျင်းပခဲ့သည့် WTA 1000 ဒူဘိုင်း တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က အမေရိကန်တင်းနစ်မယ် ပေတန် စတန်းစ်အား တစ်ပွဲအသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၂-၁ ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။
အဆိုပါပွဲစဉ်အား ဖေဖော်ဝါရီ ၁၈ ရက်၌ ကျင်းပရန် မူလကစီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ကျိန့်က ပွဲအစတွင် လက်စွမ်းပြခဲ့ပြီး ပထမပွဲတွင် ၆-၃ ဖြင့် အနိုင်ရရှိခဲ့သော်လည်း စတန်းစ်က အနိုင်မခံအရှုံးမပေးဘဲ ကျန်နှစ်ပွဲလုံးကို ၆-၄ ဖြင့် အနိုင်ပြန်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ (Xinhua)


…………………..
(English Version)
Real Madrid cruises past Manchester City into Champions League last 16
Kylian Mbappe scored a hat-trick as Real Madrid eased into the last 16 of the UEFA Champions League on Wednesday after a 3-1 win over Manchester City in the Santiago Bernabeu Stadium, securing a 6-3 aggregate win after last week’s 3-2 victory in Manchester.
City striker Erling Haaland was carrying a knee injury, and the Norwegian, who had scored twice a week ago, started the game on the subs’ bench.
Real Madrid coach Carlo Ancelotti was able to bring Antonio Rudiger back after injury, which allowed him to play Raul Asencio at right-back and move Federico Valverde into midfield.
In the fourth minute, Asencio sent over a long ball that Ruben Dias failed to deal with under pressure from Mbappe, and the France forward lobbed the ball over City goalkeeper Ederson. Mbappe doubled Madrid’s lead in the 33rd minute when he finished off a flowing move which ended with Rodrygo passing to the Frenchman to turn and score.
Mbappe completed his hat-trick, cutting in from the right and scoring with his left foot in the 61st minute. Nico Gonzalez 92nd-minute strike after Omar Marmoush’s free kick had hit the Madrid bar proved nothing more than a consolation goal.
…..
PSV knocks Juventus out of Champions League after extra time
PSV Eindhoven secured a dramatic 3-1 extra-time victory over Juventus on Wednesday, overturning a one-goal deficit from the first leg to advance to the UEFA Champions League last 16 with a 4-3 aggregate win.
After a goalless first half in which both sides struggled to create clear-cut chances, the reigning Dutch champions dominated the second period. Juventus came close to leveling when substitute Dusan Vlahovic hit the post, but PSV held on to secure their place in the next round.
PSV’s advancement follows Feyenoord’s 2-1 aggregate victory over AC Milan, ensuring that two Dutch teams progress to the Champions League last 16.
…..
Lamine Yamal certain his future lies with Barca
FC Barcelona’s teenage sensation, Lamine Yamal insists he has no plans other than to spend the rest of his career with the club and he expects to have his new contract signed before the start of next season.
17-year-old Yamal has a junior contract with Barca that expires in June 2026, which means he could become an attractive target for nearly every major club in the world if he doesn’t sign a new deal, but speaking in the El Mundo Deportivo newspaper, the winger said he was only thinking about Barcelona.
…..
Zheng Qinwen upset at Dubai Tennis Championship
China’s Zheng Qinwen was defeated by American Peyton Stearns in the second round of the WTA 1000 Dubai Tennis Championships here on Wednesday, as she fumbled a 1-0 lead and only settled for a 2-1 setback.
The match, originally scheduled for Tuesday, was postponed due to weather conditions. Zheng started strong by securing the first set 6-3. However, Stearns rallied in the subsequent sets, winning both 6-4 to complete the comeback.
.