Connect with us

China

ဆီးနှင်းပြင်တွင် မြူးထူးဆော့ကစားနေသော ကြိုးကြာများ

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လားဆမြို့၊ လင်းကျိုးခရိုင်ရှိ ဟူထိုတောင်ရေလှောင်ကန်နားတွင် အနားယူနေကြသော လည်ပင်းနက်ကြိုးကြာများကို ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လားဆမြို့၊ လျင်ကျိုးခရိုင်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ပျမ်းမျှ ၄,၂၀၀ မီတာရှိပြီး လည်ပင်းနက်ကြိုးကြာ (Black-necked crane) များ၏ အဓိက ဆောင်းခိုရာနေရာများအနက် တစ်ခုဖြစ်သည်။ ဆောင်းရာသီ ဆီးနှင်းများက လျင်ကျိုးခရိုင် ဟူထိုတောင်ရေလှောင်ကန်တစ်ခွင်ကို ငွေရောင်ဖွေး သွားစေသည်။ လည်ပင်းနက်ကြိုးကြာများသည် ဤဖြူဖွေးနေသော ကဇာတ်စင်သဖွယ် ဆီးနှင်းပြင်တွင် ကြော့မော့လှပသော ကချေသည်များပမာ ဖြစ်လို့နေပေသည်။ မကြာသေးမီနှစ်များတွင် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဂေဟစနစ်တည်ဆောက်ရေး စီမံကိန်းများကို အကောင်အထည်ဖော်၍ အစီအမံများစွာ ဆောင်ရွက်လျက်ရာ လည်ပင်းနက်ကြိုးကြာများ၏ အရေအတွက်မှာ နှစ်စဉ်တိုးပွားလာပြီး လက်ရှိတွင် ရှီးဇန့်လည်ပင်းနက်ကြိုးကြာအရေအတွက်မှာ တစ်သောင်းကျော်ရှိလာကြောင်း သိရသည်။ (Xinhua)


………………………………………
(Chinese Version)
鹤舞雪域
新华社照片,拉萨,2025年2月21日
西藏自治区拉萨市林周县平均海拔约4200米,是黑颈鹤的主要越冬地之一。一场冬雪,将林周县虎头山水库染成一片银白,黑颈鹤仿佛是这洁白舞台优雅的舞者。 近年来,西藏自治区多措并举实施生态建设工程,黑颈鹤数量逐年递增,目前西藏黑颈鹤数量超过万只。
2月20日,在西藏拉萨市林周县越冬的黑颈鹤在虎头山水库边休憩。 新华社记者 晋美多吉 摄