Connect with us

China

တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှု ယန္တရား ပထမအကြိမ်အစည်းအဝေး ကျင်းပ

တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှု ယန္တရား ပထမအကြိမ်အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှု ယန္တရား ပထမအကြိမ်အစည်းအဝေးကို ဧပြီ ၂၂ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပရာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့နှင့်အတူ ကမ္ဘာဒီယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Tea Seiha တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံရေး လုံခြုံရေးနှင့် ကာကွယ်ရေး လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာဒေသတွင်းအခြေအနေ စသည် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်ကြရာ ကျယ်ပြန့်သည့် ဘုံသဘောတူညီချက်များ ရရှိခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် ဝမ်ရိက လက်ရှိ နိုင်ငံတကာအခြေအနေသည် မတည်ငြိမ်မှုများ ဆိုးရွားပြီး အပြောင်းအလဲများဖြင့် ရှုပ်ထွေးလျက်ရှိရာ ဒေသတွင်းနိုင်ငံများ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးသည် ရိုက်ခတ်မှုဒဏ်များ ခံစားနေရကြောင်း၊ ရှုပ်ထွေးမှုများပြင်းထန်နေသည့် ပြင်ပပတ်ဝန်းကျင်ကို ရင်ဆိုင်ရာတွင် တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် မဟာဗျူဟာနိုးကြားမှုထားရှိကာ အပြန်အလှန်ဖေးမကူညီမှုကို လက်ကိုင်ပြုပြီး အပြန်အလှန် ယုံကြည်မှုကို ခိုင်မာမြဲမြံစေသလို မဟာဗျူဟာ ကြံ့ကြံ့ခံနိုင်စွမ်းကို စဉ်ဆက်မပြတ် အားဖြည့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယမန်နှစ် ဧပြီလတွင် သမ္မတ ရှီကျင့်ဖိန် ကမ္ဘောဒီးယားနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်သွားရောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအကြီးအကဲများနှင့်အတူ မဟာဗျူဟာဆွေးနွေးညှိနှိုင်းမှုများကို နက်ရှိုင်းစွာ လုပ်ဆောင်ခဲ့ရာ ခေတ်သစ် အချိန်အခါမရွေး တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၏ ကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများသည် တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးများ “၂+၂” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုယန္တရားကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ပြီး နှစ်ဖက်အကြား မဟာဗျူဟာအပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရန်၊ မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန်အတွက် တွန်းအားသစ်များ ဖြည့်တင်းပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါယန္တရား၏ ပထမအကြိမ် အစည်းအဝေး ကျင်းပခြင်းသည် စမ်းသပ်မှုများကို ဖြတ်သန်းလာခဲ့သည့် တရုတ်-ကမ္ဘောဒီးယား၏ သံမဏိပမာ ခိုင်မာသည့်ချစ်ကြည်ရေးကို အပြည့်အဝ ပြသနေသလို နှစ်ဖက်အနေဖြင့် တရုတ်-ကမ္ဘောဒီးယား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအပေါ် အထူးအလေးထားခြင်းကို အထင်အရှား ဖော်ပြလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ယင်းယန္တရားကို နိုင်ငံရေး လုံခြုံမှုနှင့် ကာကွယ်ရေးလုံခြုံမှုကဏ္ဍပူးပေါင်းဆောင်ရွက်မှုအား အဆင့်မြှင့်တင်သည့် မဟာဗျူဟာပလက်ဖောင်းအဖြစ်လည်းကောင်း၊ တရုတ်-ကမ္ဘောဒီးယား အပြန်အလှန်ဖေးမကူညီမှု၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲစေသည့် အဓိကသော့ချက်အဖြစ်လည်းကောင်း တည်ဆောက်ကာ တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရေးအတွက် အကျိုးသစ်များ ဆောင်ကြဉ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်နေသည်ကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံမှာ မည်သည့်အချိန်ကထက်မဆို ပို၍ နီးနီးကပ်ကပ် စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း၊ နှစ်ဖက်အနေဖြင့် နိုင်ငံရေးလုံခြုံမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ စီမံခန့်ခွဲမှုအတွေ့အကြုံ ဖလှယ်ရေးကို အားဖြည့်ရန်၊ အစိုးရအုပ်ချုပ်ရေးစွမ်းရည်ကို ကိုယ်စီမြှင့်တင်ရန် လုပ်ဆောင်ရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၏ ဦးဆောင်မှုအခွင့်အာဏာကို မိမိလက်ဝယ်တွင် မြဲမြံစွာ ဆုပ်ကိုင်ထားရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့က တရုတ်-ကမ္ဘောဒီးယား-ထိုင်း သုံးပွင့်ဆိုင် ဖူရှန်းတွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်များအား အကောင်အထည်ဖော်ရန်၊ လက်ရှိ ရှိရင်းစွဲ နှစ်နိုင်ငံယန္တရားကို ကောင်းမွန်စွာ အသုံးချရန်၊ တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင်ကာ အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ပြီး ဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန် လုပ်ဆောင်ခြင်းအပေါ် ထောက်ခံအားပေးကြောင်း၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ပို၍ ဘက်စုံထိရောက်မှုရှိသော ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် ပလက်ဖောင်းအဖြစ် ပံ့ပိုးပေးလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်တင်မှု၊ ပြည်သူများ၏ နေထိုင်မှုဘဝ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မှုများအပေါ် ဆက်လက် ထောက်ခံအားပေးသွားမည် ဖြစ်သလို ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသနေ ပြည်သူများ ပြန်လည်နေရာချထားရေး စသည်တို့အတွက်လည်း လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့များ ဆက်လက်ပံ့ပိုးပေးရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စံပြပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို တွန်းအားပေးဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတကာ အသိုက်အဝန်းသည် စစ်အေးတိုက်ပွဲအဆုံးသတ်ပြီးနောက် လှိုင်းအထန်ဆုံးသော အပြောင်းအလဲများကို ဖြတ်သန်းနေရကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်ကို ကမ္ဘောဒီးယားဘက်က တက်ကြွစွာ ထောက်ခံအားပေးသည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားချီးကျူးကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ သက်ဆိုင်ရာ အစီအမံများ၏ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ လုံခြုံရေးနှင့်အန္တရာယ်များအကြား အတူရပ်တည်ခြင်း၊ ကွဲလွဲမှုများကို ဘေးဖယ်ကာ တူညီမှုများကို ရှာဖွေခြင်း၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းရှိသော အာရှလုံခြုံရေးပုံစံကို တည်ဆောက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပိုမို တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်သို့ တိုးတက်စေရေး တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တုန်ကျွင်းက တရုတ်-ကမ္ဘောဒီးယား သံတမန်ရေးနှင့် ကာကွယ်ရေး ကဏ္ဍနှစ်ရပ် စည်းချက်ညီညီ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ခြင်းသည် အန္တရာယ်စိန်ခေါ်မှုများကို တုံ့ပြန်ရန်၊ လုံခြုံရေးအကာအရံကို ခိုင်မာစေရန် မဟာဗျူဟာ ရွေးချယ်မှုဖြစ်ရာ နှစ်နိုင်ငံ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းရန်အတွက် တွန်းအားသစ်များ မုချမသွေ ဖြည့်တင်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း လုံခြုံရေးအခြေအနေသည် ရှုပ်ထွေး၍ အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ကြိုးပမ်းကာ စစ်ရေးနှင့် လုံခြုံရေးကဏ္ဍ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစွာ ပျိုးထောင်သွားရန်၊ နှစ်နိုင်ငံတပ်မတော်များကြား “ဆက်ဆံရေးမှာ ရှေးယခင်ကဲ့သို့ပင် ရွှေစင်ပမာ ခိုင်မြဲနေခြင်း” ဟူသော ကဏ္ဍသစ်ကို ဆက်လက်ရေးဆွဲသွားရန်၊ ခေတ်သစ် အချိန်အခါမရွေး တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပို၍ ကြီးမားသော အကျိုးကို ဆောင်ကြဉ်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Prak Sokhonn က ကမ္ဘောဒီးယား-တရုတ် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှု ယန္တရားသည် ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေး၏ အဆင့်မြင့်မားမှုနှင့် နက်ရှိုင်းမှု အတိုင်းအတာကို ဖော်ပြလျက်ရှိကြောင်း၊ နှစ်ဖက်အကြား မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ခြင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းအတွက် အစားထိုး၍မရသော အရေးကြီးအခန်းကဏ္ဍဖြစ်ရာ နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မုချမသွေ မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်အားကိုးမှုအရှိဆုံးသော မိတ်ဆွေ ဖြစ်ရာ ကမ္ဘောဒီးယားနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ဘက်စုံထောင့်စေ့ ထောက်ပံ့ပေးမှုများအား ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘောဒီးယား-တရုတ် သံမဏိပမာ ခိုင်မြဲသည့်ချစ်ကြည်ရေးသည် နှစ်နိုင်ငံပြည်သူများတွင် အမြစ်တွယ်၍ နှစ်နိုင်ငံပြည်သူများအား အကျိုးပြုလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ လိုက်နာစောင့်ထိန်းပြီး တရုတ်နိုင်ငံ၏ နိုင်ငံပေါင်းစည်းရေးအတွက် ကြိုးပမ်းမှုမှန်သမျှကို အခိုင်အမာ ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ “စိန်ပွင့်ပမာ ဆဋ္ဌဂံ” ပူးပေါင်းဆောင်ရွက်မှုမူဘောင်နှင့် “စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စင်္ကြံ” ၊ “ရေလုပ်ငန်းနှင့် ဆန်စပါးလုပ်ငန်း စင်္ကြံ” စသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ပြည့်ဝအောင် ဆောင်ရွက်ပြီး ကမ္ဘောဒီးယား-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ရရှိစေရန် အတူတကွ တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း Prak Sokhonn က ပြောကြားခဲ့သည်။

နိုင်ငံတကာနှင့် ဒေသတွင်းရေးရာကိစ္စရပ်များတွင် တရုတ်နိုင်ငံက တရားမျှတမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုရှိသော ရပ်တည်ချက်ကို လက်ကိုင်ထားသည့်အပေါ် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အထူးတန်ဖိုးထားချီးကျူးသလို တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာအစီအမံကြီးများကို အားပေးထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို နီးနီးကပ်ကပ် လုပ်ဆောင်ရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွဲအတူ ကာကွယ်ထိန်းသိမ်းရန်၊ တန်းတူညီမျှနှင့် စနစ်တကျရှိသော ကမ္ဘာ့ဗဟုဝင်ရိုးအသွင်ပြောင်းမှုနှင့် အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်ခြင်းရှိသော စီးပွားရေးကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို တွန်းအားပေး တည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Tea Seiha က ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဖောက်ဖျက်၍မရသော အစဉ်အလာချစ်ကြည်ရေးနှင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အပြည့်အဝ ပြသလိုက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ အဆင့်မြင့်အလွှာ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုကို တိုးမြင့်စေပြီး နှစ်ဖက်အကြား နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-တရုတ်က ကာကွယ်ရေး လုံခြုံရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်အမြဲ အထူးအလေးထားကြောင်း၊ လက်ရှိ ရှိရင်းစွဲ နှစ်နိုင်ငံမူဘောင်အောက်တွင် အတွေ့အကြုံများကို အနှစ်ချုပ်သုံးသပ်ရန်၊ စုပေါင်းအင်အားကို စုစည်းကာ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းသစ်ကို တက်ကြွစွာ ရှာဖွေရန်၊ ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေး ပိုမိုကြီးမားသော တိုးတက်မှုရရှိစေရေးကို တွန်းအားပေးရန် ဆန္ဒရှိပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိနိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် နှစ်ဖက်အနေဖြင့် မဟာဗျူဟာ နိုးကြားမှုနှင့် မဟာဗျူဟာ တည်ငြိမ်မှုအင်အားကို ထားရှိရမည် ဖြစ်ပြီး နိုင်ငံရေးလုံခြုံမှုနှင့် အစိုးရအာဏာလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရန်၊ အပြန်အလှန် ပင်မအကျိုးစီးပွားကို ထောက်ခံအားပေးရန်၊ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ခိုင်ခိုင်မာမာ တွန်းအားပေးရန်၊ တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်းအတွက် အနှစ်သာရအသစ်များကို စဉ်ဆက်မပြတ် ဖြည့်တင်းပေးရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း အစည်းအဝေး၌ နှစ်ဖက်စလုံးက တစ်ပြေးညီ ယူဆကြသည်။

ထို့အပြင် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြင့်လုံခြုံရေးကို စုစည်း၍ စီမံမြှင့်တင်ရမည် ဖြစ်သလို တရုတ်-ကမ္ဘောဒီးယား သံမဏိပမာ ခိုင်မြဲသည့် ချစ်ကြည်ရေးအား သွေးခွဲသည့် မည်သည့်အင်အားစုကိုမဆို ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလျက် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများကို စုပေါင်းအင်အားဖြင့် ပြင်းပြင်းထန်ထန်တိုက်ဖျက်ကာ ကိုယ်စီ၏ ဆိုက်ဘာလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ် မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွဆောင်ရွက်ကာ ဒေသတွင်းအငြင်းပွားမှုများအား တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့်ဖြေရှင်းရေးကို အားပေးထောက်ခံရန်၊ တစ်ဖက်သတ်ဗိုလ်ကျစိုးမိုးမှုနှင့် အာဏာအင်အားသုံးနိုင်ငံရေးကို အတူတကွဆန့်ကျင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေးနှင့် နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက တစ်ထပ်တည်း ယူဆကြသည်။ (Xinhua)

—————–
(Chinese Version)
中柬举行外长、防长“2+2”战略对话机制首次会议
新华社金边4月22日电(记者吴长伟)中柬外长、防长“2+2”战略对话机制首次会议22日在金边举行,外交部长王毅、国防部长董军同柬埔寨副首相兼外交大臣布拉索昆、副首相兼国防大臣迪西哈共同主持。双方就双边关系、政治安全与防务安全合作、国际地区形势等议题深入交换意见,达成广泛共识。
王毅表示,当前国际局势剧烈动荡,变乱交织,地区国家稳定发展遭受冲击。面对复杂严峻的外部环境,中柬两国保持战略清醒,坚持守望相助,相互信任得到巩固,战略韧性持续增强。习近平主席去年4月历史性访柬并同柬领导人深入战略沟通,开启构建新时代全天候中柬命运共同体的新篇章。两国领导人决定建立中柬外长、防长“2+2”战略对话机制,为双方增进战略互信、加强战略协作注入新的动力。机制首次会议的举行,充分表明中柬历经考验的铁杆友谊,彰显双方对深化中柬战略合作的高度重视。中方愿同柬方将机制打造成提升政治安全和防务安全合作的战略平台,巩固中柬守望相助、团结合作的重要抓手,为推进中柬命运共同体建设作出新的贡献。
王毅说,面对世界百年变局加速演进,中柬比任何时候都更需要紧密团结。双方要深化政治安全合作,加强治理经验交流,提升各自执政能力,将发展与安全的主导权紧握在自己手中。中方支持柬泰两国落实中柬泰三方抚仙会晤共识,用好现有双边机制,加强对话、重建互信、转圜关系,愿为柬泰开展更全面有效沟通提供平台。中方将继续支持柬加快发展振兴、不断改善民生,愿为柬边民安置等继续提供人道支持,推进减贫示范合作项目。
王毅表示,当前国际社会正经历冷战结束以来最为深刻的动荡变革。中方赞赏柬方积极支持习近平主席提出的四大全球倡议,愿同柬方在相关倡议框架下深化合作,构建安危与共、求同存异、对话协商的亚洲安全模式,推动全球治理体系朝着更加公正合理的方向发展。
董军表示,中柬外交与国防两个领域同频共振、协同发力,是应对风险挑战、筑牢安全屏障的战略选择,必将为维护两国安全发展利益和地区长治久安注入新的动力。当前国际和地区安全形势复杂多变,中方愿与柬方共同努力,深耕厚植军事安全互信,续写两军“古交如真金”的新篇章,为构建新时代全天候中柬命运共同体作出新的更大贡献。
布拉索昆表示,柬中外长、防长“2+2”战略对话机制体现了柬中关系的高度和深度,对增进双方战略互信、深化务实合作具有不可替代的重要作用,必将促进两国关系长远发展。中国是柬最信赖的朋友,感谢中方对柬全方位支持。柬中铁杆友谊扎根两国人民,惠及两国人民。柬方坚定恪守一个中国原则,坚定支持中国为实现国家统一所作的一切努力,愿同中方不断充实“钻石六边”合作架构和“工业发展走廊”“鱼米走廊”等务实合作,共同推进柬中命运共同体建设取得更多成果。柬方高度赞赏中方在国际和地区事务中秉持公正客观立场,支持中方提出的系列重大全球倡议,愿同中方密切多边协作,携手维护多边主义,推动构建平等有序的世界多极化和普惠包容的经济全球化。
迪西哈表示,此次对话充分展现柬中牢不可破的传统友好和全面战略合作伙伴关系,增进了两国高层战略沟通,深化了双方政治互信。柬方始终高度重视柬中在国防安全等领域合作,愿在现有双边框架下总结经验,凝聚合力,积极探讨合作新路径,推动柬中关系取得更大发展。
双方一致认为,面对当前国际形势,双方要保持战略清醒和战略定力,捍卫政治安全和政权安全,相互支持彼此核心利益,扎实推进各领域务实合作,持续为中柬命运共同体增添新内涵;统筹推进高质量发展和高水平安全,反对任何势力离间中柬铁杆友谊;深化两国执法与防务合作,合力严打网赌电诈,维护各自网络安全;在四大全球倡议框架内积极开展合作,支持通过对话谈判解决地区纠纷,共同反对单边霸凌和强权政治,维护全球自由贸易和国际公平正义。(完)
1、 4月22日,中柬外长、防长“2+2”战略对话机制首次会议在金边举行,外交部长王毅、国防部长董军同柬埔寨副首相兼外交大臣布拉索昆、副首相兼国防大臣迪西哈共同主持。 新华社发(万坡摄)