International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ် ကြားပွဲစဉ်များအပြီးတွင် လီဗာပူးလ်က ၁၃ မှတ်ဖြတ်၍ ဦးဆောင်
ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ကြားပွဲစဉ်တွင် လီဗာပူးလ်က နယူးကာဆယ်ယူနိုက်တက်အား ၂-၀ ဂိုးဖြင့် အိမ်ကွင်း၌ အနိုင်ယူကာ ယခုရာသီ၌ ပရီးမီးယားလိဂ်ဆုဖလား ကိုင်မြှောက်နိုင်ရန် ခိုင်မာသေချာသော အခြေအနေကောင်းများကို ဆက်လက်ဖော်ဆောင်နိုင်ခဲ့သည်။
အဆင့်-၂ အာဆင်နယ်က နော်တင်ဟမ်ဖောရက်စ်နှင့် ဂိုးမရှိသရေကျခဲ့ချိန်တွင် အနိုင်ရရှိခဲ့သဖြင့် လီဗာပူးလ်က အမှတ်ပေးဇယားထိပ်ဆုံး၌ ၁၃ မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ နည်းပြအာနယ်ဆလော့၏ အသင်းအတွက် ဦးဆောင်ဂိုးကို ဒေါမနစ် ဆိုဘော့စ်ဆလိုင်က ပွဲချိန် ၁၁ မိနစ်တွင် သွင်းယူခဲ့ပြီး ဆလော့မှာမူ နှစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် ယခုပွဲစဉ်တွင် ပွဲကြည့်စင်ပေါ်၌သာ ရှိနေခဲ့သည်။
ဒဏ်ရာရရှိထားသော တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ် မပါဝင်နိုင်သည့် နယူးကာဆယ်တိုက်စစ်မှာ အသက်မဲ့နေသယောင်ရှိခဲ့ပြီး ပွဲချိန် ၆၃ မိနစ်တွင် မိုဟာမက် ဆာလာနှင့် တွဲလုံးမှတစ်ဆင့် အလက်ဆစ် မက်အယ်လစ်စတာက လီဗာပူးလ်အတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူကာ ပွဲကိုအဆုံးသတ်စေခဲ့သည်။
အာဆင်နယ်အသင်းကမူ နော်တင်ဟမ်ဖောရက်စ်နှင့် သရေကျခဲ့သည့်အတွက် ရမှတ်နှစ်မှတ် ထပ်မံဆုံးရှုံးခဲ့သလို အသင်းအနေဖြင့် နှစ်ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေခြင်းက နည်းပြမစ်ကယ် အာတေတာအဖို့ စိုးရိမ်စရာဖြစ်လာမည်ဖြစ်သည်။ ယခုပွဲစဉ်၌ အာဆင်နယ်က ဂိုးကန်သွင်းချက် ၁၃ ကြိမ် ပြုလုပ်ရာတွင် တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့သည်။
အခြားပွဲစဉ်တစ်ပွဲတွင် မန်ချက်စတာယူနိုက်တက်က အစ်ပ်ဆွစ်ချ်အား ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဖရိုဖရဲ ကစားပုံမျိုးကို ထပ်မံမြင်တွေ့ခဲ့ရပြီး သွင်းဂိုးသုံးဂိုးလုံးကိုလည်း တည်ကန်ဘော (set piece) မှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်ရာ ပရိသတ်များအဖို့ ခြေစွမ်းပိုင်း တိုးတက်လာသည်ဟု လက်ခံရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။
…..
— စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့တွင် ရီးရဲလ်မက်ဒရစ်က ဆိုစီဒက်အား အနိုင်ရရှိ
ဖေဖော်ဝါရီ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့တွင် ရီးရဲလ်မက်ဒရစ်က အန်းဒရစ်ခ်၏ ပထမပိုင်းသွင်းဂိုးဖြင့် ရီးရဲလ်ဆိုစီဒက်အား အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆိုစီဒက်အနေဖြင့် ချေပဂိုးရရှိရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ပြိုင်ဘက်အသင်း၏ ခံစစ်ဇုန်၌ ထိရောက်သော ပေးပို့မှုများ လုပ်ဆောင်နိုင်ခြင်းမရှိသလို ရီးရဲလ်ဂိုးသမား အန်ဒရေ လူနင်ကလည်း ကောင်းမွန်သော ကာကွယ်မှုအချို့ ပြုလုပ်နိုင်ခဲ့သည်။
ရီးရဲလ်နည်းပြ ကာလိုအန်ဆလော့တီက အန်းဒရစ်ခ်နှင့် အာဒါဂူလာတို့ နှစ်ဦးစလုံးကို ပွဲထွက်ခွင့်ပေးခဲ့ကာ ထင်မှတ်မထားသော အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သော်လည်း ထိရောက်မှုရှိခဲ့ပြီး ပွဲချိန် ၁၉ မိနစ်တွင် ဂျုဒ်ဘယ်လင်ဟမ်၏ ထောင့်ဖြတ်ပေးပို့မှုမှတစ်ဆင့် ဘရာဇီးလ် လူငယ်ကစားသမား အန်းဒရစ်ခ်က အနိုင်ဂိုးသွင်းယူခဲ့သည်။
…..
— ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲတွင် လိုက်ပ်ဇစ်က ဝုဖ်ဘတ်ကို အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်
ဖေဖော်ဝါရီ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် လိုက်ပ်ဇစ်က ဝုဖ်ဘတ်အား ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ဘန်ဂျမင် ဆက်စကိုက ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
ဝုဖ်ဘတ်က ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း လိုက်ပ်ဇစ်၏ စနစ်တကျ စုဖွဲ့ထားသော ခံစစ်ကြောင်းကို ထိုးဖောက်ရန် ရုန်းကန်ခဲ့ရသည်။ ဝုဖ်ဘတ်အသင်း၏ လူစားဝင်ကစားသမား ကယ်ဗင် ဘီရန်စ်အနေဖြင့် ပွဲပြီးဆုံးရန် နှစ်မိနစ်အလိုတွင် ဂိုးဧရိယာထဲ၌ အပိုင်ကန်သွင်းခွင့် ရရှိခဲ့သော်လည်း ဂိုးပေါက်နှင့်လွဲချော်ခဲ့သည်။
ဖေဖော်ဝါရီ ၂၅ ရက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အခြားကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲတွင် တတိယတန်းကလပ် အာမီနီယာ ဘီလီဖဲလ်က ဝါဒါဘရီမင်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
…..
— AFC ယူ-၂၀ အာရှဖလားဗိုလ်လုပွဲသို့ ဆော်ဒီနှင့် ဩစတြေးလျ တက်ရောက်
AFC ယူ-၂၀ အာရှဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့ရာ ဆော်ဒီအာရေဗျအသင်းက တောင်ကိုရီးယားအသင်းကို ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ၌ ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သလို ဩစတြေးလျအသင်းကလည်း ဂျပန်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
ဆော်ဒီနှင့် တောင်ကိုရီးယားတို့မှာ မိနစ် ၁၂၀ ကြာ ယှဉ်ပြိုင်ကစားပြီးချိန်အထိ ဂိုးမရှိသရေကျနေသဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာတွင် ဆော်ဒီဂိုးသမား ဟာမက် ယူဆက်ဖ်က ပင်နယ်တီနှစ်ကြိမ် ကာကွယ်နိုင်ခဲ့ပြီး အသင်း၏ သူရဲကောင်းဖြစ်ခဲ့သည်။
အခြား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဩစတြေးလျအသင်းမှ မူဆာ တိုရေးက ပွဲချိန် ၄၉ မိနစ်တွင်လည်းကောင်း၊ ဂျေလန် ပီယာမန်းက ပွဲချိန် ၆၇ မိနစ်တွင်လည်းကောင်း ဂျပန်အသင်းဘက်သို့ အနိုင်ဂိုးများ သွင်းယူကာ နှစ်ဂိုးပြတ်အနိုင်ရလဒ်ကို ရယူခဲ့သည်။ (Xinhua)
…………………….
(English Version)
Liverpool goes 13 points clear in Premier League after midweek games
Liverpool tightened their grip on this season’s Premier League title with a 2-0 win at home to Newcastle United on Wednesday night.
Liverpool’s win, combined with Arsenal’s 0-0 draw against Nottingham Forest, leaves them 13 points clear at the top of the table. Dominik Szoboszlai put Arne Slot’s side ahead with a deflected shot in the 11th minute, with the coach in the stands serving the first of a two-game touchline ban.
Newcastle looked flat in attack without the injured Alexander Isak, and it was game over when Alexis Mac Allister doubled Liverpool’s lead in the 63rd minute after exchanging passes with Mohamed Salah.
Arsenal dropped two more points at Forest, and coach Mikel Arteta will be worried by the second game in which his side has failed to score, with only one of their 13 shots on target.
Manchester United beat Ipswich Town 3-2 in another chaotic game that will do little to convince fans things are improving, with all three United goals coming from set pieces.
…..
Real Madrid draws first blood in Copa del Rey semi against Real Sociedad
Endrick’s first-half goal gave Real Madrid a first-leg advantage in their Copa del Rey semifinal against Real Sociedad, as they won 1-0 in San Sebastian.
Real Sociedad gave everything to find an equalizer, but lacked finesse in the final pass, although Madrid goalkeeper Andriy Lunin also made several good saves.
Madrid coach Carlo Ancelotti had some surprises, with Endrick and Arda Guler both starting, and that paid off in the 19th minute when the Brazilian collected a diagonal pass from Jude Bellingham.
…..
RB Leipzig overcomes Wolfsburg to secure DFB-Pokal semifinal spot
RB Leipzig progressed to the German Cup semifinals after Benjamin Sesko’s penalty was enough to knock out Wolfsburg 1-0 win in the quarterfinals on Wednesday.
Wolfsburg chased down the lead but struggled to break down Leipzig’s well-placed defence. Wolfsburg substitute Kevin Behrens had a promising chance inside the area two minutes from time, but his shot was off target.
Earlier on Tuesday, third-tier Arminia Bielefeld eliminated Werder Bremen from the competition with a 2-1 win
…..
Saudi Arabia, Australia reach AFC U20 Asian Cup final
Saudi Arabia advanced into the AFC U20 Asian Cup final after defeating South Korea 3-2 on penalties here on Wednesday, joining Australia who beat Japan 2-0 in the other semifinal.
Saudi Arabia and South Korea played to a goalless draw after 120 minutes before goalkeeper Hamed Yousef saved two penalties in the shootout, emerging as Saudi Arabia’s hero.
In the other semifinal, Musa Toure broke the deadlock in the 49th minute before Jaylan Pearman netted in the 67th minute to gift the young Socceroos a two-goal victory over Japan.