Connect with us

China

ရေခဲ-ဆီးနှင်းများ အရည်မပျော်သေး၊ ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ ရေခဲ-ဆီးနှင်းဥယျာဉ် ပြန်လည်ဖွင့်လှစ်

ဟားအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာကြီးရှိ စိတ်ကူးယဉ်အိပ်မက် ရေခဲ-ဆီးနှင်းပြတိုက်တွင် လည်ပတ်ဆော့ကစားနေသူများကို ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ ၂၆ ကြိမ်မြောက် ဟားအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာကြီးကို ဖေဖော်ဝါရီ ၂၆ ရက်တွင် တရားဝင် ပိတ်သိမ်းခဲ့သည်။ သို့သော် ရေခဲ-ဆီးနှင်းများမှာမူ အရည်မပျော်သေးပေ။ အနုစိတ် အဆင့်မြှင့်တင်ဆောက်လုပ်ထားသော ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ ရေခဲ-ဆီးနှင်းဥယျာဉ်ဖြစ်သည့် ဟားအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာကြီး၏ စိတ်ကူးယဉ်အိပ်မက် ရေခဲ-ဆီးနှင်းပြတိုက်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ် စိတ်ကူးယဉ်အိပ်မက် ရေခဲ-ဆီးနှင်းပြတိုက်သည် ပြန်လည်ဆန်းသစ် အဆင့်မြှင့်တင်ထားပြီး ပြတိုက်တွင် ရှုခင်းများကို အသစ်ကျပ်ချွတ် ဇုန်သတ်မှတ်ထားခြင်း၊ ဒီဇိုင်းဆွဲ၊ ဆောက်လုပ်ထားပြီး ရေခဲ-ဆီးနှင်းကမ္ဘာကြီး၏ ဂန္ထဝင်ရှုခင်းများအပြင် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲများမှ အစိတ်အပိုင်းများဖြင့် ပေါင်းစည်းထားရာ ဧရိယာမှာ ၂၃,၀၀၀ စတုရန်းမီတာရှိကြောင်း သိရသည်။ (Xinhua)


……………………………………
(Chinese Version)
冰雪未消融 世界最大室内冰雪主题乐园重启
新华社照片,哈尔滨,2025年2月27日
2月26日,第二十六届哈尔滨冰雪大世界正式闭园。冰雪未消融,经过精心升级与打造的世界最大的室内冰雪主题乐园——哈尔滨冰雪大世界梦幻冰雪馆于2月27日10时重启。本次梦幻冰雪馆焕新升级,场馆进行全新的景观分区、设计和建设,融入冰雪大世界中的经典景观和亚冬会元素,面积为2.3万平方米。
图说:2月27日,人们在哈尔滨冰雪大世界梦幻冰雪馆内游玩。 新华社记者 张涛 摄