China
တရုတ်နိုင်ငံ ဟွဝူးကျေးရွာလေး၏ ပန်းချီကားသဖွယ် သာယာလှသော တောတောင်ရေမြေ အလှရှုခင်းများ

ကွေ့ကျိုး၊ မတ် ၄ ရက် (ဆင်ဟွာ)
နွေဦးရာသီ ကနဦးကာလတွင် ရာသီဥတုပြန်လည်နွေးထွေးလာရာ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ ချန်ရှီးခရိုင်မြို့ ဟွဝူးကျေးရွာလေးက တိမ်စိုင်တိမ်လိပ်များနှင့်အတူ ကျယ်ပြောလှသော မြစ်ရေပြင်ရှိပေသည်။ တောင်တန်းကိုနောက်ခံထား၍ မြစ်ကမ်းနံဘေးရှိ မြောင်လူမျိုးတို့၏ ဤကျေးရွာလေးသည် ပန်းချီကားသဖွယ် သာယာလှသော တောတောင်ရေမြေ အလှရှုခင်းများကို ပိုင်ဆိုင်ထားသည်။ ထက်မြက်သောဓားသွားဖြင့် နှစ်ပိုင်းဖြတ်ထားသည့်ပမာ တည်ရှိနေသော ချောက်ကမ်းပါး ကမ်းနှစ်ဖက်ကြားတွင် ကြည်လင်နေသည့် ဝူးကျန်းမြစ်သည် စိမ်းလဲ့ကြည်သာစွာ စီးဆင်းလျက်ရှိပြီး ခရီးသွားရေယာဉ်များက မြစ်အတွင်း ဖြတ်သန်းသွားလာနေကြသည်မှာ မြစ်ရေပြင်၏ ကျယ်ပြောမှုကို ပိုမိုထင်ရှားပေါ်လွင်စေပေသည်။ (Xinhua)
————————-
(Chinese Version)
化屋村的山河画卷
初春时节,天气回暖,贵州毕节黔西市化屋村云卷云舒,江水浩渺。这个依山傍水的苗族村寨坐拥壮美的山河画卷,利刃砍劈一般的悬崖,好似百里画卷,两岸悬崖之间,清澈的乌江仿佛碧玉镶嵌其中,一艘艘游船穿行其中,更显江面辽阔。
新华网 卢志佳 摄
1. 3月1日拍摄的化屋村美丽的山河画卷。