Connect with us

Asia

အမေရိကန်-တောင်ကိုရီးယား အကြီးစား စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား ပြစ်တင်ရှုတ်ချ

ဆိုးလ်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အတူ “Freedom Shield” အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးဌာနက မတ် ၉ ရက်တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်ဟု KCNA သတင်းဌာနက မတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ကြိမ်ဖန်များစွာ သတိပေးမှုအား လျစ်လျူရှု၍ အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်ရန် အတင်းအကျပ်လုပ်ဆောင်ခြင်းသည် “ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားနေသည့် ကိုရီးယားကျွန်းဆွယ်အခြေအနေကို အဆုံးစွန်သို့ တွန်းပို့” သည့် “အလွန်အမင်း အန္တရာယ်များသော မဆင်မခြင် ရန်စမှု” ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား-အမေရိကန်၏ နိုင်ငံရေး၊ စစ်ရေး ထိပ်တိုက်ရင်ဆိုင်မှု အခင်းအကျင်းသည် အမေရိကန်၏ မြောက်ကိုရီးယားအပေါ် ဦးတည်သည့် စစ်မီးဆော့ကစားနေသည့်လုပ်ရပ်ကြောင့် ပေါက်ကွဲဖြစ်ပွားလာမည့် အခြေအနေကို ပို၍နီးကပ်လာပြီး ထိပ်တိုက်ရင်ဆိုင်မှုပုံစံမှာလည်း ပို၍ အန္တရာယ်များသည့်အဖြစ်သို့ ပြောင်းလဲလာကြောင်း သတင်းကြေညာချက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနှင့် အမေရိကန်သည် “Freedom Shield” ဟု အမည်ပေးထားသော နှစ်စဉ် ပုံမှန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မတ် ၁၀ ရက်၌ တရားဝင် စတင်ကာ ၁၁ ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီ၏ မတ် ၁၀ ရက် သတင်းများအရ သိရသည်။

ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုတွင် ကွန်ပျူတာဖြင့် ပုံတူပြုလုပ်သောနည်းလမ်းဖြင့် ဆောင်ရွက်မည့် ကွပ်ကဲရေးလေ့ကျင့်မှုများ၊ ယင်းလေ့ကျင့်မှုများနှင့် ချိတ်ဆက် ဖော်ဆောင်မည့် မြေပြင်၊ ရေပြင်၊ ဝေဟင်၊ အင်တာနက်ကွန်ရက်၊ အာကာသ စသည့် ကဏ္ဍစုံအား လွှမ်းခြုံသော ပူးတွဲကွင်းဆင်းရွေ့လျားလေ့ကျင့်မှုများ ပါဝင်မည် ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး၏ သတင်းကို ကိုးကား၍ Yonhap သတင်းအေဂျင်စီ က ဖော်ပြထားသည်။ (Xinhua)

———————-
(Chinese Version)
朝鲜谴责美韩大规模军演
新华社首尔3月10日电 朝中社10日报道,朝鲜外务省报道局9日发表新闻公报,谴责美国和韩国举行“自由之盾”大规模联合军演。
新闻公报说,美韩不顾朝方再三警告,执意进行大规模联合军演,是“把针锋相对的朝鲜半岛局势推向极限”的“极其危险的挑衅妄动”。
新闻公报还说,朝美政治军事对抗格局因美国针对朝鲜的战争玩火行为而更接近爆发临界点,其对抗模式也变得更加危险。
另据韩联社10日报道,韩美当天正式启动代号为“自由之盾”的年度例行联合军演,为期11天。韩联社引述韩国联合参谋本部消息报道,此次军演包括采用电脑模拟方式进行的指挥所演习以及与该演习对接实施的覆盖陆海空、网络、太空等全领域的联合野外机动训练。(完)