Connect with us

Environment, Disasters & Accidents

ကျွန်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီး

ပျက်စီးမှုတချို့ အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်လှကျေးရွာတွင် ဧပြီ ၁၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ် အချိန်ခန့်က လေပြင်းတိုက်ခတ်၍ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းရှိ ထူပါရုံ စေတီတော်နှင့် အရံစေတီတော်သုံးဆူ ထီးတော် မြေခခြင်း၊ ဓမ္မာရုံ အမိုးတစ်ခြမ်း လန်ခြင်း၊ လျှပ်စစ် ဓာတ်တိုင်(၆)တိုင် ပြိုလဲခြင်း၊ လူနေအိမ်(၁၀၀)ခန့် သက်ငယ်ပျစ်နှင့် သွပ်မိုးများ ပျက်စီးပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာသို့ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီများ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူတို့က ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.