Connect with us

Environment, Disasters & Accidents

ချောင်းဆုံမြို့နယ်၌ ဖြစ်ပွားခဲ့သည့် မီးရှို့မှုတစ်ခုကြောင့် နေအိမ် ၃၇ လုံး မီးကူးဆက်လောင်ကျွမ်း

အပြိုင်ကျေးရွာ၌ ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ အပြိုင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မီးရှို့မှုတစ်ခုကြောင့် နေအိမ် ၃၇ လုံး မီးကူးဆက်လောင်ကျွမ်းခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ ၁ရး၁၀နာရီ အချိန်တွင် ချောင်းဆုံမြို့နယ် အပြိုင်ကျေးရွာနေ မချို (၂၄)နှစ်၏ နေအိမ်အား မွန်ချမ်း(ခ)သိန်းထွန်း(၃၂)နှစ်မှ အဆိုပါနေအိမ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မကျေနပ်ဖြစ်ပြီးမီးရှို့ခဲ့ကြောင်း သိရသည်။

ထိုမီးရှို့မှုမှတဆင့် နေအိမ် ၃၇လုံး မီးကူးဆက်လောင်ကျွမ်းခဲ့ကာ ဆက်လက်မီးကူးစက်မှု မရှိစေရေးအတွက် နေအိမ် ၈ လုံးအား ဖြိုချဖျက်ဆီးခဲ့သဖြင့် စုစုပေါင်းနေအိမ် ၄၅ လုံး ပျက်စီးဆုံးရှုံး ခဲ့သောကြောင့် ဧပြီလ ၁၄ ရက်နေ့ ၀၁း၀၀နာရီ အချိန်တွင် မွန်ချမ်း(ခ)သိန်းထွန်းအား ချောင်းဆုံ မြို့မရဲစခန်းမှ (ပ)၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆(မီးရှို့မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.