Connect with us

Media

တရုတ် ယူနန်ကယ်ဆယ်ရေးဆေးအဖွဲ့ မစ်ရှင်ပြီးမြောက်၍ ကူမင်းသို့ ပြန်လည်ရောက်ရှိ

ကူမင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်ယူနန်ကယ်ဆယ်ရေးဆေးအဖွဲ့သည် မြန်မာနိုင်ငံတွင်ငလျင်ကယ်ဆယ်ရေးမစ်ရှင် အပြည့်အဝ ပြီးမြောက်ခဲ့ပြီဖြစ်ရာ ဧပြီ ၆ ရက် ၁၅ နာရီခန့်တွင် China Eastern Airlines စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံ ရန်ကုန်မှ ကူမင်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ရန်ကုန်သို့ ရောက်ရှိပြီးနောက်မြန်မာနိုင်ငံ မီးသတ်ကယ်ဆယ်ရေးအဖွဲ့နှင့် ချက်ချင်းပူးပေါင်းကာ ငလျင်ဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသည့် နေပြည်တော်သို့သွားရောက်၍ နာရီပေါင်း ၁၅၀ ကျော်ကြာ ကယ်ဆယ်ရေးနှင့်ဆေးဘက်ဆိုင်ရာ မစ်ရှင်များ ဆောင်ရွက်ခဲ့ပါသည်။(Xinhua)
………………….
(Chinese Version)
中国云南救援医疗队圆满完成任务返回昆明。
4月6日15时许,中国云南救援医疗队圆满完成在缅地震救援任务,搭乘中国东方航空包机从缅甸仰光返回云南昆明。作为第一支抵达缅甸的中方救援队飞抵仰光后,他们即刻与缅甸消防救援队会合,前往受灾严重的内比都开展救援医疗任务超过150小时。