Connect with us

China

၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ မော်တော်ကားလုပ်ငန်း ကုန်စည်ပြပွဲ စတင်ဖွင့်လှစ်

၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ မော်တော်ကားလုပ်ငန်း ကုန်စည်ပြပွဲ ပြခန်း၌ စက်ရုပ်လက်ဖြင့် အားသွင်းပုံကို သရုပ်ပြနေသော IM Motors ကားတစ်စင်းကို ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

“ဆန်းသစ်တီထွင်မှုကို လက်ခံ၍ အနာဂတ်ကို အားဖြည့်ခြင်း (Embracing Innovation, Empowering the Future)” ခေါင်းစဉ်ဖြင့် ၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ မော်တော်ကားလုပ်ငန်း ကုန်စည်ပြပွဲကို ဧပြီ ၂၃ ရက်တွင် အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ကားပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၂၆ ခုမှ တရုတ်နိုင်ငံ ပြည်တွင်း၊ ပြည်ပ နာမည်ကျော်ကုမ္ပဏီပေါင်း ၁,၀၀၀ နီးပါး လာရောက်ပြသရန် ဖိတ်ကြားထားသည်။ စုစုပေါင်း ပြခန်းဧရိယာသည် စတုရန်းမီတာ ၃၆၀,၀၀၀ ကျော် ရှိပြီး ပါဝင်ပြသသည့်နိုင်ငံ အတိုင်းအတာပိုမိုကျယ်ပြန့်၍ ပမာဏမှာ ထပ်မံစံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ မော်တော်ကားလုပ်ငန်း ကုန်စည်ပြပွဲ Chery ကားပြခန်းတွင် ပြသထားသည့် မိုးပျံကားတစ်စီးအား ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ မော်တော်ကားလုပ်ငန်း ကုန်စည်ပြပွဲတွင် မီဒီယာသတင်းထောက်များက Wolkswagen ပြခန်း၌ ပြသထားသော ID.AURA ကားနံဘေး၌ ရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————
(Chinese Version)
第二十一届上海国际汽车工业展览会开幕
新华社照片,上海,2025年4月23日
当日,以“拥抱创新 共赢未来”为主题的第二十一届上海国际汽车工业展览会在国家会展中心(上海)拉开帷幕。2025上海车展共邀请来自26个国家和地区的近1000家中外知名企业参展,展出总面积超过36万平方米,参展国别范围更广,规模再创新高。
图说1:4月23日,一辆智己汽车在展台上进行机械臂充电演示。新华社记者 方喆 摄
图说2:4月23日拍摄的奇瑞汽车展台上展出的一款飞行汽车。新华社记者 方喆 摄
图说3:4月23日,媒体记者在大众汽车展台上展出的ID.AURA汽车旁拍摄。新华社记者 方喆 摄