International Organizations
၂၀၂၅ ခုနှစ် ဧပြီ ၂၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်မှုက ရီးရဲလ်မက်ဒရစ်အတွက် ပေးဆပ်မှုကြီးမား
စက်တင်ဘာ ၂၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာအား ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အနေဖြင့် ဒဏ်ရာပြဿနာများ၊ ပွဲပယ်ပြစ်ဒဏ်များကြောင့် ကြီးကြီးမားမား ပေးဆပ်ရတော့မည်ဖြစ်သည်။
အဆိုပါ ဗိုလ်လုပွဲမှာ အငြင်းပွားမှုများနှင့် အဆုံးသတ်ခဲ့ပြီး ပွဲပြီးခါနီး စက္ကန့်ပိုင်းအလိုတွင် ကွင်းလယ်ဒိုင် ရီကာဒို ဒီဘာဂေါ့စ် ဘန်ဂွယ်တီယာက ဘာစီလိုနာအား အလွတ်တည်ကန်ဘော ကန်ခွင့်ပေးခဲ့ရာ ရီးရဲလ်မက်ဒရစ် ကစားသမားအချို့က စိတ်မထိန်းနိုင်ဘဲ အကျည်းတန်သော ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ ဂျုဒ်ဘယ်လင်ဟမ်၊ လူးကပ်စ် ဗက်ဇ်ကေးနှင့် အန်တိုနီယို ရူဒီဂါတို့က ထိုဆုံးဖြတ်ချက်အပေါ် ဒေါသတကြီး စောဒကတက်ခဲ့သည့်အတွက် အနီကတ်ပြသခြင်း ခံခဲ့ရသည်။
ဘယ်လင်ဟမ်နှင့် ဗက်ဇ်ကေးတို့မှာ တစ်ပွဲပယ် သို့မဟုတ် နှစ်ပွဲပယ်ခံရဖွယ်ရှိပြီး ထိုပြစ်ဒဏ်အား လာမည့်ရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ကျခံရမည်ဖြစ်သည်။
သို့သော် ရူဒီဂါမှာ ကွင်းလယ်ဒိုင်အား ရေခဲအိတ်ဖြင့် ပစ်ပေါက်ခဲ့သဖြင့် အသင်းဖော်များနှင့် အသင်း၏ နည်းစနစ်ပိုင်းဆိုင်ရာ အဖွဲ့သားများက ဝိုင်းဝန်းတားဆီးခဲ့ရပြီး ၎င်းအနေဖြင့် များစွာပိုမိုပြင်းထန်သော ပွဲပယ်ပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
…..
— ဘရာဇီးလက်ရွေးစင်နည်းပြဟောင်း ဒိုရီဗာ ကော်ရင်သီယန်စ်အသင်းကို ကိုင်တွယ်မည်
ဘရာဇီးလက်ရွေးစင်အသင်း နည်းပြဟောင်းဖြစ်သူ ဒိုရီဗာ ဂျူနီယာအား ဘရာဇီးစီးရီးအေ ချန်ပီယံဆုဖလားကို ခုနစ်ကြိမ် ရယူထားသော ဆော်ပေါ်လိုအခြေစိုက် ကော်ရင်သီယန်စ်အသင်း၏ မန်နေဂျာအဖြစ် ခန့်အပ်လိုက်ကြောင်း အဆိုပါကလပ်အသင်းက ဧပြီ ၂၈ ရက်၌ အတည်ပြုခဲ့သည်။
အသက် ၆၃ နှစ်အရွယ် ဒိုရီဗာမှာ ရာသီအစပိုင်းတွင် ရလဒ်များ ဆိုးရွားနေခြင်းကြောင့် ယခုလအစောပိုင်းတွင် အသင်းမှထုတ်ပယ်ခံခဲ့ရသည့် အာဂျင်တီးနားနည်းပြဖြစ်သူ ရာမွန်ဒီယက်ဇ်၏ နေရာတွင် အစားထိုးတာဝန်ယူသွားမည်ဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းရှိသော စာချုပ်တစ်ရပ် ချုပ်ဆိုရန် သဘောတူညီခဲ့သည်ဟု ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
…..
— ဖလာမင်ဂိုက ကော်ရင်သီယန်စ်အား ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး တိုက်စစ်မှူးပက်ဒရို နှစ်ဂိုးသွင်းယူ
ဧပြီ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီးစီးရီးအေပြိုင်ပွဲတွင် ဖလာမင်ဂိုအသင်းက တိုက်စစ်မှူး ပက်ဒရို၏ သွင်းဂိုးနှစ်ဂိုး အပါအဝင် ကော်ရင်သီယန်စ်အား အိမ်ကွင်း၌ ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။
ဖလာမင်ဂိုအသင်းမှာ ခြောက်ပွဲကစားပြီးချိန်တွင် ၁၄ မှတ် ရရှိထားပြီး ဒုတိယနေရာမှ ပါလ်မီးရက်စ်အသင်းအား တစ်မှတ်အသာဖြင့် ဦးဆောင်နေကာ ကော်ရင်သီယန်စ်မှာမူ ထိပ်ဆုံးအသင်းနှင့် ခုနစ်မှတ် ကွာဟလျက်ရှိသည်။
ဧပြီ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီးစီးရီးအေပြိုင်ပွဲ၏ အခြားပွဲစဉ်များတွင် ဘရာဂန်တီနိုက ဆန်းတို့စ်အား ၂-၁ ဂိုးဖြင့်လည်းကောင်း၊ ခရူဇီယိုက ဗက်စကိုဒဂါးမားအား အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့်လည်းကောင်း၊ ဘာဟီယာက ပါလ်မီးရက်စ်ကို ၁-၀ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ဗစ်တိုးရီးယားကမူ အိမ်ကွင်း၌ ဂရီမီယိုနှင့် ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
…..
— Sudirman Cup ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တရုတ်၊ ထိုင်း၊ တောင်ကိုရီးယားနှင့် တရုတ် (တိုင်ပေ) ရှုံးထွက်အဆင့်သို့ တက်ရောက်
ဧပြီ ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Sudirman Cup ကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ် နှစ်ပွဲတွင် လက်ရှိချန်ပီယံ တရုတ်အသင်းက အထူးလက်စွမ်းပြကစားနိုင်ခဲ့ပြီး ထိုင်း၊ တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ) အသင်းတို့နှင့်အတူ ရှုံးထွက်အဆင့်သို့ စောစီးစွာ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
အုပ်စု-A ပွဲစဉ်အဖြစ် တရုတ် (ဟောင်ကောင်) အသင်းနှင့် ယှဉ်ပြိုင်ရာတွင် တရုတ်အသင်းက ပွဲထွက်လူစာရင်းအား အပြောင်းအလဲပြုလုပ်ခဲ့ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲများတွင် နာမည်ကျော် ကစားသမားဖြစ်သည့် Shi Yuqi မှလွဲ၍ ကျန်ပွဲထွက်ကစားသမား အားလုံးကို အနားပေးခဲ့သည်။ Shi မှာ Lee Cheuk Yiu နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ဒုတိယပွဲငယ်တွင် နောက်ကောက်ကျနေခဲ့သော်လည်း အဆုံးအဖြတ်ပွဲတွင် ၂၁-၁၂ မှတ်ဖြင့် အနိုင်ပြန်ယူနိုင်ခဲ့ကာ ပွဲအပြီးတွင် အိမ်ရှင်တရုတ်အသင်းက ၅ ပွဲပြတ် အနိုင်ရရှိခဲ့သည်။ (Xinhua)
…………………
(English Version)
Real Madrid pays heavy price for Copa del Rey defeat
Real Madrid will pay a heavy price in injuries and suspensions following Saturday night’s dramatic 3-2 defeat to FC Barcelona in the final of the Copa del Rey.
The final ended in controversy and there were ugly scenes with several Real Madrid players losing control after referee Ricardo de Burgos Bengoetxea awarded a free kick to Barcelona in the closing seconds, with Jude Bellingham, Lucas Vazquez and Antonio Rudiger all shown red cards for their vociferous protests.
Bellingham and Vazquez can expect bans of either one or two games, which they will serve in next season’s Copa del Rey.
However, Rudiger faces a much tougher suspension after the German hurled a bag of ice at the referee and needed to be held back by team-mates and members of the Real Madrid technical staff.
…..
Ex-Brazil boss Dorival takes charge of Corinthians
Former Brazil national team boss Dorival Junior has been appointed manager of seven-time Brazilian Serie A champion Corinthians, the Sao Paulo-based club said on Monday.
The 63-year-old replaces Argentine Ramon Diaz, who was sacked earlier this month following the club’s poor start to the season. Local media reported that Dorival had agreed to a contract that runs until December 2026.
…..
Pedro nets brace as Flamengo routs Corinthians
Striker Pedro scored twice as Flamengo rose to the top of Brazil’s Serie A standings on Sunday with a 4-0 home win over Corinthians.
Flamengo now has 14 points from six games, a point ahead of second-placed Palmeiras, while Corinthians is 12th, seven points off the pace.
In other Brazilian Serie A fixtures on Sunday, Bragantino won 2-1 at Santos, Cruzeiro prevailed 1-0 at home to Vasco da Gama, Bahia won 1-0 at Palmeiras and Vitoria was held to a 1-1 home draw by Gremio.
…..
China, Thailand, South Korea, Chinese Taipei advance to Sudirman Cup knockouts
Defending champion China, along with Thailand, South Korea, and Chinese Taipei, secured early passage to the Sudirman Cup knockout stages after dominating their first two group matches on Monday.
In Group A, China rotated its lineup against Hong Kong, China resting all starters except men’s singles star Shi Yuqi. Shi endured a grueling battle with Lee Cheuk Yiu, dropping the second set before rallying to win the decider 21-12. The hosts ultimately prevailed 5-0.