Connect with us

Europe

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားကြောင်း အဇာဘိုင်ဂျန်နိုင်ငံ ဝန်ကြီးချုပ် အလေးအနက် ပြောကြား

ဘာကူ၊ မေ ၁၇ ရက် (ဆင်ဟွာ)
အဇာဘိုင်ဂျန်အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ် ရှေ့သို့ဖွံဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း အဇာဘိုင်ဂျန်နိုင်ငံ ဝန်ကြီးချုပ် Ali Asadov က မကြာသေးမီရက်တွင် ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေရန်၊ နှစ်ဖက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကို ချဲ့ထွင်ရန်၊ အပြန်အလှန်ချိတ်ဆက်မှု၊ အခြေခံအဆောက်အအုံ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လူမှုယဉ်ကျေးမှုစသည့် ကဏ္ဍများတွင် အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများအား တိုးချဲ့ရန် ဆန္ဒရှိကြောင်း Asadov က အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအသစ်အဖြစ် တာဝန်ထမ်းဆောင်သော လူးမေနှင့် မေ ၁၅ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန်ဘက်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားကြောင်း၊ အဇာဘိုင်ဂျန် အမျိုးသားလွှတ်တော်အနေဖြင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့်အတူ အလွှာအသီးသီး၏ ကူးလူးဖလှယ်မှု၊ အပြန်အလှန် သွားရောက်လည်ပတ်မှုကို အားဖြည့်ရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများကြား နီးကပ်စွာ ဆွေးနွေးညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ နှစ်ဖက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် အပြုသဘောအကျိုးဆောင်ရန် ဆန္ဒရှိကြောင်း အဇာဘိုင်ဂျန် လွှတ်တော် ဥက္ကဋ္ဌ Sahiba Gafarova ကလည်း ထိုနေ့ လူးမေနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ အလီယက်ဗ်သည် မကြာသေးမီက တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် အောင်မြင်စွာ သွားရောက်ခဲ့ကာ နှစ်နိုင်ငံ ခေါင်းဆောင်တို့က တရုတ်-အဇာဘိုင်ဂျန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား ထူထောင်ကြောင်း ကြေညာခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အနာဂတ်အစီအမံအသစ်များကို ရေးဆွဲခဲ့ကြောင်း လူးမေက တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံအတူ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီချက်များကို လိုက်နာမည့် အခြေခံမူများအဖြစ် သတ်မှတ်ကာ နှစ်ဖက် ကူးလူးဆက်ဆံရေးကို နီးကပ်စေရန်၊ ကဏ္ဍအသီးသီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ တရုတ်-အဇာဘိုင်ဂျန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် ပိုမိုကြီးမားသော ဖွံဖြိုးတိုးတက်မှုရရှိစေရေးအား တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

လူးမေသည် ရာထူးတာဝန်ထမ်းဆောင်ရန် ဧပြီ ၁၄ ရက်က အဇာဘိုင်ဂျန်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………………….
(Chinese Version)
阿塞拜疆总理强调重视发展对华关系
新华社巴库5月17日电(记者钟忠)阿塞拜疆总理阿萨多夫日前表示,阿塞拜疆政府高度重视发展对华关系,坚定恪守一个中国原则,愿同中国共同推动两国关系持续向前发展。
阿萨多夫15日会见中国新任驻阿塞拜疆大使鲁梅时表示,阿方愿同中方进一步深化政治互信,扩大双边贸易与投资,拓展互联互通、基础设施、可再生能源、人文等领域互利合作。
阿塞拜疆国民会议主席加法罗娃同日会见鲁梅时说,阿方重视发展对华关系,阿国民会议愿同中国全国人民代表大会加强各层级交流互访,密切在国际和地区组织中的沟通协作,为促进双边关系发展作出积极贡献。
鲁梅在会见时表示,不久前阿塞拜疆总统阿利耶夫成功对华进行国事访问,两国元首共同宣布建立中阿全面战略伙伴关系,为双边关系发展擘画了新蓝图。中方愿同阿方一道,以两国元首重要共识为根本遵循,密切双边交往,深化各领域务实合作,推动中阿全面战略伙伴关系取得更大发展。
鲁梅4月14日抵阿履新。(完)